7. စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-
8. သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
9. မောရှေက``ထာဝရဘုရားကငါသည်သင်တို့ အားခေါင်းဆောင်ရသည့်တာဝန်မှာ ငါ့အတွက် အလွန်ကြီးလေးလှသည်။ ငါတစ်ဦးတည်း ထိုတာဝန်ကိုမထမ်းနိုင်။-
10. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
11. သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့အားအဆပေါင်းတစ်ထောင် တိုးပွားများပြားပါစေသော။ ကတိတော်ရှိ သည့်အတိုင်းကောင်းချီးပေးတော်မူပါစေ သော။-
12. သို့ရာတွင်သင်တို့၏အငြင်းပွားမှုများကို ဖြေရှင်းရသည့်ကြီးလေးသောတာဝန်ကို ငါ တစ်ဦးတည်းမည်သို့ထမ်းဆောင်နိုင်ပါအံ့ နည်း။-
13. သင်တို့အနွယ်အသီးသီးမှပညာအမြော် အမြင်နှင့် အတွေ့အကြုံရှိသောပ္ဂိုလ်တို့ ကိုရွေးချယ်ပေးကြလော့။ သင်တို့ကိုအုပ်ချုပ် စေရန်သူတို့အားငါခန့်ထားမည်' ဟုပြော ကြားခဲ့သည်။-
14. သင်တို့ကထိုအမှုသည်သင့်မြတ်ပါသည် ဟုဆို၍ သဘောတူလက်ခံခဲ့ကြသည်။-
15. သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။
16. ``ထိုအချိန်ကငါသည်အုပ်ချုပ်သူတို့အား`သင် တို့အမျိုးသားချင်းနှင့်ဆိုင်သောအမှုအခင်း များနှင့် သင်တို့တွင်အတူနေထိုင်သောလူမျိုး ခြားများနှင့်ဆိုင်သည့်အမှုအခင်းများကို ကြားနာ၍ တရားမျှတစွာစီရင်ဆုံးဖြတ် ကြလော့။-
17. အဆုံးအဖြတ်ပေးရာ၌မျက်နှာမလိုက် နှင့်။ မျက်နှာကြီးမျက်နှာငယ်မလိုက်ဘဲ ကြားနာစစ်ဆေးလော့။ သင်တို့၏အဆုံး အဖြတ်သည်ထာဝရဘုရားချမှတ်သော အဆုံးအဖြတ်ဖြစ်သောကြောင့် မည်သူ့ကို မျှမကြောက်ရွံ့ရ။ သင်တို့ကိုယ်တိုင်မစီရင် နိုင်သောအမှုရှိလျှင် ငါ့ထံသို့တင်ပြကြ လော့။ ထိုအမှုကိုငါစီရင်မည်' ဟုမှာကြား ခဲ့၏။-
18. တစ်ချိန်တည်းမှာပင်သင်တို့ပြုရမည့်အမှု တို့ကိုငါညွှန်ကြားခဲ့၏။''
19. ``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း ငါတို့လိုက်နာကြ၏။ ငါတို့သည်သိနာတောင်မှထွက်ခွာခဲ့ပြီး နောက် အပြောကျယ်၍ကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းလျက် တောင် ထူထပ်သောအာမောရိပြည်သို့ဦးတည် ခရီးပြုခဲ့ကြ၏။ ငါတို့သည်ကာဒေရှ ဗာနာအရပ်သို့ရောက်သောအခါ၊-
22. ``သို့ရာတွင်သင်တို့သည် ငါ့ထံသို့ချဉ်းကပ် ၍`တိုင်းပြည်၏အခြေအနေကိုထောက်လှမ်း လျက် မည်သည့်လမ်းဖြင့်ချီတက်ရမည်၊ မြို့ များ၏အနေအထားမည်သို့ရှိသည်ကို ပြန် လည်သတင်းပို့နိုင်ရန်အထောက်တော်များ ကိုစေလွှတ်ကြပါစို့' ဟူ၍အကြံပေး တင်ပြကြ၏။''
23. ``ထိုအကြံသည်သင့်မြတ်သဖြင့် ငါသည် တစ်နွယ်လျှင်တစ်ယောက်ကျလူတစ်ဆယ့် နှစ်ယောက်ကိုရွေးခဲ့၏။-