တ​ရား​ဟော 1:6-18 Common Language Bible (BCL)

6. မော​ရှေ​က``ငါ​တို့​သည်​သိ​နာ​တောင်​တွင်​ရှိ​နေ ကြ​စဉ် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က`သင်​တို့​သည်​ဤ​တောင်​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ကြ​ပြီ။-

7. စ​ခန်း​သိမ်း​၍​ခ​ရီး​ဆက်​ကြ​လော့။ အာ​မော​ရိ အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​တောင်​ကုန်း​ဒေ​သ နှင့် ၎င်း​အ​နီး​ရှိ​ဒေ​သ​များ​ဖြစ်​သော​တောင် ကုန်း​ဒေ​သ၊ လွင်​ပြင်​ဒေ​သ၊ တောင်​ဘက်​ဒေ​သ၊ မြေ​ထဲ​ပင်​လယ်​ကမ်း​ခြေ​တို့​သို့​သွား​ကြ​လော့။ ခါ​နာန်​ပြည်​သို့​သွား​ကြ​လော့။ ထို​မှ​တစ်​ဖန် လေ​ဗ​နုန်​တောင်​ကို​ကျော်​၍ ဥ​ဖ​ရတ်​မြစ်​သို့ တိုင်​အောင်​သွား​ကြ​လော့။-

8. သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​အာ​ဗြ ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ​၍​သူ​တို့​၏​အ​ဆက် အ​နွယ်​တို့​အား ဤ​ဒေ​သ​အား​လုံး​ကို​ပေး မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​က​တိ​ထား​တော် မူ​ခဲ့​သည်။ သင်​တို့​သွား​၍​သိမ်း​ယူ​ကြ​လော့' ဟူ​၍​မိန့်​တော်​မူ​သည်'' ဟု​ဆို​၏။

9. မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့ အား​ခေါင်း​ဆောင်​ရ​သည့်​တာ​ဝန်​မှာ ငါ့​အ​တွက် အ​လွန်​ကြီး​လေး​လှ​သည်။ ငါ​တစ်​ဦး​တည်း ထို​တာ​ဝန်​ကို​မ​ထမ်း​နိုင်။-

10. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ​နှင့်​အ​မျှ​သင်​တို့ ကို​များ​ပြား​စေ​တော်​မူ​ပြီ။-

11. သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​အ​ဆ​ပေါင်း​တစ်​ထောင် တိုး​ပွား​များ​ပြား​ပါ​စေ​သော။ က​တိ​တော်​ရှိ သည့်​အ​တိုင်း​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော။-

12. သို့​ရာ​တွင်​သင်​တို့​၏​အ​ငြင်း​ပွား​မှု​များ​ကို ဖြေ​ရှင်း​ရ​သည့်​ကြီး​လေး​သော​တာ​ဝန်​ကို ငါ တစ်​ဦး​တည်း​မည်​သို့​ထမ်း​ဆောင်​နိုင်​ပါ​အံ့ နည်း။-

13. သင်​တို့​အ​နွယ်​အ​သီး​သီး​မှ​ပ​ညာ​အ​မြော် အ​မြင်​နှင့် အ​တွေ့​အ​ကြုံ​ရှိ​သော​ပ္ဂိုလ်​တို့ ကို​ရွေး​ချယ်​ပေး​ကြ​လော့။ သင်​တို့​ကို​အုပ်​ချုပ် စေ​ရန်​သူ​တို့​အား​ငါ​ခန့်​ထား​မည်' ဟု​ပြော ကြား​ခဲ့​သည်။-

14. သင်​တို့​က​ထို​အ​မှု​သည်​သင့်​မြတ်​ပါ​သည် ဟု​ဆို​၍ သ​ဘော​တူ​လက်​ခံ​ခဲ့​ကြ​သည်။-

15. သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​နွယ်​ထဲ​မှ​ပ​ညာ ရှိ​၍ အ​တွေ့​အ​ကြုံ​များ​သော​ခေါင်း​ဆောင်​များ ကို​ရွေး​ချယ်​ပြီး​လျှင်​သင်​တို့​အား​အုပ်​ချုပ် စေ​၏။ အ​ချို့​တို့​ကို​လူ​တစ်​ထောင်​အုပ်၊ အ​ချို့ တို့​ကို​လူ​တစ်​ရာ​အုပ်၊ အ​ချို့​တို့​ကို​လူ​ငါး ဆယ်​အုပ်၊ အ​ချို့​တို့​ကို​လူ​တစ်​ဆယ်​အုပ်​အ​ဖြစ် ခန့်​ထား​ခဲ့​သည်။ ထို့​ပြင်​သင်​တို့​အ​နွယ်​အား လုံး​၌ အ​ခြား​သော​အ​ရာ​ရှိ​များ​ကို​လည်း ခန့်​ထား​ခဲ့​၏။

16. ``ထို​အ​ချိန်​က​ငါ​သည်​အုပ်​ချုပ်​သူ​တို့​အား`သင် တို့​အ​မျိုး​သား​ချင်း​နှင့်​ဆိုင်​သော​အ​မှု​အ​ခင်း များ​နှင့် သင်​တို့​တွင်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​နှင့်​ဆိုင်​သည့်​အ​မှု​အ​ခင်း​များ​ကို ကြား​နာ​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ် ကြ​လော့။-

17. အ​ဆုံး​အ​ဖြတ်​ပေး​ရာ​၌​မျက်​နှာ​မ​လိုက် နှင့်။ မျက်​နှာ​ကြီး​မျက်​နှာ​ငယ်​မ​လိုက်​ဘဲ ကြား​နာ​စစ်​ဆေး​လော့။ သင်​တို့​၏​အ​ဆုံး အ​ဖြတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​သော အ​ဆုံး​အ​ဖြတ်​ဖြစ်​သော​ကြောင့် မည်​သူ့​ကို မျှ​မ​ကြောက်​ရွံ့​ရ။ သင်​တို့​ကိုယ်​တိုင်​မ​စီ​ရင် နိုင်​သော​အ​မှု​ရှိ​လျှင် ငါ့​ထံ​သို့​တင်​ပြ​ကြ လော့။ ထို​အ​မှု​ကို​ငါ​စီ​ရင်​မည်' ဟု​မှာ​ကြား ခဲ့​၏။-

18. တစ်​ချိန်​တည်း​မှာ​ပင်​သင်​တို့​ပြု​ရ​မည့်​အ​မှု တို့​ကို​ငါ​ညွှန်​ကြား​ခဲ့​၏။''

တ​ရား​ဟော 1