တ​ရား​ဟော 1:36-45 Common Language Bible (BCL)

36. ယေ​ဖုန္နာ​၏​သား​ကာ​လက်​တစ်​ဦး​တည်း​သာ​ထို ပြည်​သို့​ဝင်​ရ​မည်။ သူ​သည်​ငါ့​အား​သစ္စာ​ရှိ​သူ ဖြစ်​၍​သူ​ထောက်​လှမ်း​ခဲ့​သော​ပြည်​ကို​သူ​နှင့်​သူ ၏​အ​ဆက်​အ​နွယ်​တို့​အား​ငါ​ပေး​မည်' ဟု​မိန့် တော်​မူ​၏။-

37. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ကြောင့်​ငါ့ ကို​လည်း​အ​မျက်​တော်​ထွက်​လျက် ငါ့​အား`သင် ကိုယ်​တိုင်​ပင်​လျှင်​ထို​ပြည်​သို့​မ​ဝင်​ရ။-

38. သင်​၏​လက်​ထောက်​ဖြစ်​သူ​နုန်​၏​သား​ယော​ရှု မူ​ကား​ထို​ပြည်​သို့​ဝင်​ရ​မည်။ ယောရှု​ကို​အား​ပေး လော့။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ခေါင်း​ဆောင်​၍​ထို​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''

39. ``ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ​တို့​အား`သင် တို့​က​ရန်​သူ​၏​လက်​တွင်း​သို့​ကျ​ရောက်​မည် ဟု​ဆို​သော​က​လေး​များ၊ တစ်​နည်း​အား​ဖြင့် အ​မှား​အ​မှန်​ကို​ခွဲ​ခြား​၍​မ​သိ​နိုင်​သေး သော​သင်​တို့​၏​က​လေး​များ​သည် ထို​ပြည် သို့​ဝင်​ရောက်​ကြ​လိမ့်​မည်။ ငါ​သည်​ထို​ပြည် ကို​သူ​တို့​အား​ပေး​သ​ဖြင့်​သူ​တို့​သိမ်း​ယူ ကြ​လိမ့်​မည်။-

40. သင်​တို့​မူ​ကား​လှည့်​၍​အာ​ကာ​ဘာ​ပင်​လယ် ကွေ့​သို့​ဦး​တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန် ကြ​လော့' ဟု​မိန့်​တော်​မူ​၏။''

41. ``သင်​တို့​က​ငါ့​အား`အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား ပြစ်​မှား​မိ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သည့်​အ​တိုင်း ယ​ခု​စစ်​ချီ​တိုက်​ခိုက်​ပါ​မည်' ဟု ဆို​ကြ​၏။ ထို့​နောက်​သင်​တို့​သည်​တောင်​ကုန်း ဒေ​သ​ကို​လွယ်​ကူ​စွာ​ဝင်​ရောက်​တိုက်​ခိုက်​နိုင် မည့်​အ​ထင်​နှင့် သင်​တို့​အား​လုံး​စစ်​ချီ​တိုက် ရန်​အ​သင့်​ပြင်​ကြ​၏။''

42. ``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား`ငါ​သည် သူ​တို့​နှင့်​အ​တူ​ရှိ​မည်​မ​ဟုတ်​သော​ကြောင့် စစ်​ချီ တိုက်​ခိုက်​ခြင်း​မ​ပြု​ရန်​သ​တိ​ပေး​လော့။ သူ​တို့ သည်​စစ်​ရေး​နိမ့်​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။-

43. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို သင်​တို့​အား​ဆင့်​ဆို​သော်​လည်း သင်​တို့​သည် အ​မိန့်​တော်​ကို​မ​နာ​ခံ​ကြ။ သင်​တို့​သည် ထာ​ဝရ​ဘု​ရား​ကို​ဖီ​ဆန်​လျက် မာ​န​ထောင် လွှား​လျက်​တောင်​ကုန်း​ဒေ​သ​သို့​ချီ​တက်​ခဲ့ ကြ​၏။-

44. ထို​အ​ခါ​တောင်​များ​ပေါ်​တွင်​နေ​ထိုင်​သော အာ​မော​ရိ​အ​မျိုး​သား​တို့​သည် ပျား​အုပ်​ပ​မာ သင်​တို့​အား​ထွက်​၍​တိုက်​ကြ​၏။ သူ​တို့​သည် သင်​တို့​ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​ရာ ဧ​ဒုံ​ပြည် ဟော​မာ​မြို့​တွင်​သင်​တို့​အား​စစ်​ရေး​နိမ့်​စေ ခဲ့​ကြ​သည်။-

45. ထို​အ​ခါ​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော် မူ​ရန်​ငို​ကြွေး​တောင်း​ပန်​ကြ​၏။ သို့​ရာ​တွင်​ကိုယ် တော်​သည် သင်​တို့​၏​တောင်း​ပန်​သံ​ကို​နား​ညောင်း တော်​မ​မူ၊ ဂ​ရု​လည်း​ပြု​တော်​မ​မူ၊-

တ​ရား​ဟော 1