24. သူတို့သည်တောင်ကုန်းဒေသကိုတက်၍ ဧရှ ကောလချိုင့်သို့တိုင်အောင်သွားပြီးလျှင် ထို အရပ်၌အခြေအနေကိုထောက်လှမ်း ကြ၏။-
25. သူတို့သည်ထိုအရပ်မှထွက်သောသစ်သီး အချို့ကို ငါတို့ထံသို့ယူဆောင်ခဲ့ကြ၏။ ငါ တို့၏ဘုရားသခင်ထာဝရဘုရားပေး သနားတော်မူမည့်ပြည်သည် မြေသြဇာ အလွန်ထက်သန်ကြောင်းပြန်ကြားကြ၏။''
26. ``သို့ရာတွင်သင်တို့သည်သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် ထိုပြည်ထဲသို့မဝင်ဘဲနေကြ၏။-
27. သင်တို့က`ထာဝရဘုရားသည်ငါတို့ကို မုန်းသဖြင့် အာမောရိအမျိုးသားတို့၏လက် ဖြင့် ငါတို့အားသေစေခြင်းငှာအီဂျစ်ပြည် မှထုတ်ဆောင်တော်မူခဲ့၏။-
28. ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။
29. ``ထိုအခါ ငါကသင်တို့အား`ထိုသူတို့ကို မကြောက်ကြနှင့်။-
30-31. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
32-33. ယင်းသို့ငါပြောသော်လည်း သင်တို့သည်ည အချိန်၌မီးတိမ်တိုင်အားဖြင့်လည်းကောင်း၊ နေ့ အချိန်၌မိုးတိမ်တိုင်အားဖြင့်လည်းကောင်း သင် တို့ကိုရှေ့ကကြွသွား၍လမ်းပြလျက် သင်တို့ စခန်းချရာနေရာကိုရှာပေးတော်မူခဲ့သော ထာဝရဘုရားအားမယုံကြည်မကိုး စားကြ။''
34. ``ထာဝရဘုရားသည်သင်တို့၏ညည်းညူ သံကိုကြားရသောအခါအမျက်ထွက်လျက် အလေးအနက်ကြေညာတော်မူ၏။-
35. ကိုယ်တော်က`သင်တို့၏ဘိုးဘေးတို့အားငါပေး မည်ဟူ၍ကတိထားသောမြေသြဇာကောင်း သည့်ပြည်သို့ ဆိုးယုတ်သောဤလူမျိုးဆက်ထဲ မှတစ်ဦးတစ်ယောက်မျှမဝင်ရ။-
36. ယေဖုန္နာ၏သားကာလက်တစ်ဦးတည်းသာထို ပြည်သို့ဝင်ရမည်။ သူသည်ငါ့အားသစ္စာရှိသူ ဖြစ်၍သူထောက်လှမ်းခဲ့သောပြည်ကိုသူနှင့်သူ ၏အဆက်အနွယ်တို့အားငါပေးမည်' ဟုမိန့် တော်မူ၏။-
37. ထာဝရဘုရားသည်သင်တို့အတွက်ကြောင့်ငါ့ ကိုလည်းအမျက်တော်ထွက်လျက် ငါ့အား`သင် ကိုယ်တိုင်ပင်လျှင်ထိုပြည်သို့မဝင်ရ။-
38. သင်၏လက်ထောက်ဖြစ်သူနုန်၏သားယောရှု မူကားထိုပြည်သို့ဝင်ရမည်။ ယောရှုကိုအားပေး လော့။ သူသည်ဣသရေလအမျိုးသားတို့ကို ခေါင်းဆောင်၍ထိုပြည်ကိုသိမ်းယူလိမ့်မည်' ဟုမိန့်တော်မူ၏။''