တ​ရား​ဟော 1:19-30-31 Common Language Bible (BCL)

19. ``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​တို့​လိုက်​နာ​ကြ​၏။ ငါ​တို့​သည်​သိ​နာ​တောင်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် အ​ပြော​ကျယ်​၍​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​လျက် တောင် ထူ​ထပ်​သော​အာ​မော​ရိ​ပြည်​သို့​ဦး​တည် ခ​ရီး​ပြု​ခဲ့​ကြ​၏။ ငါ​တို့​သည်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊-

20-21. ငါ​က`ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင် က ငါ​တို့​အား​ပေး​တော်​မူ​မည့်​အာ​မော​ရိ တောင်​ကုန်း​ဒေ​သ​သို့​သင်​တို့​ယ​ခု​ရောက်​ရှိ ကြ​ပြီ။ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည့်​အ​တိုင်း ချီ​တက်​၍​သိမ်း​ပိုက်​ကြ​လော့။ မ​ကြောက်​ကြ နှင့်။ တုံ့​နှေး​ခြင်း​မ​ရှိ​ကြ​နှင့်' ဟု​သင်​တို့​အား ပြော​ခဲ့​၏။

22. ``သို့​ရာ​တွင်​သင်​တို့​သည် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍`တိုင်း​ပြည်​၏​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း လျက် မည်​သည့်​လမ်း​ဖြင့်​ချီ​တက်​ရ​မည်၊ မြို့ များ​၏​အ​နေ​အ​ထား​မည်​သို့​ရှိ​သည်​ကို ပြန် လည်​သ​တင်း​ပို့​နိုင်​ရန်​အ​ထောက်​တော်​များ ကို​စေ​လွှတ်​ကြ​ပါ​စို့' ဟူ​၍​အ​ကြံ​ပေး တင်​ပြ​ကြ​၏။''

23. ``ထို​အ​ကြံ​သည်​သင့်​မြတ်​သ​ဖြင့် ငါ​သည် တစ်​နွယ်​လျှင်​တစ်​ယောက်​ကျ​လူ​တစ်​ဆယ့် နှစ်​ယောက်​ကို​ရွေး​ခဲ့​၏။-

24. သူ​တို့​သည်​တောင်​ကုန်း​ဒေသ​ကို​တက်​၍ ဧ​ရှ ကော​လ​ချိုင့်​သို့​တိုင်​အောင်​သွား​ပြီး​လျှင် ထို အ​ရပ်​၌​အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း ကြ​၏။-

25. သူ​တို့​သည်​ထို​အ​ရပ်​မှ​ထွက်​သော​သစ်​သီး အ​ချို့​ကို ငါ​တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။ ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး သ​နား​တော်​မူ​မည့်​ပြည်​သည် မြေ​သြ​ဇာ အ​လွန်​ထက်​သန်​ကြောင်း​ပြန်​ကြား​ကြ​၏။''

26. ``သို့​ရာ​တွင်​သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဖီ​ဆန်​လျက် ထို​ပြည်​ထဲ​သို့​မ​ဝင်​ဘဲ​နေ​ကြ​၏။-

27. သင်​တို့​က`ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မုန်း​သ​ဖြင့် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​လက် ဖြင့် ငါ​တို့​အား​သေ​စေ​ခြင်း​ငှာ​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။-

28. ငါ​တို့​သည်​အ​ဘယ်​ကြောင့် ထို​ပြည်​သို့​သွား ရ​ပါ​မည်​နည်း။ ငါ​တို့​သည်​ကြောက်​ရွံ့​ပါ​၏။ ငါ​တို့​စေ​လွှတ်​လိုက်​သော​သူ​များ​ပြော​ကြား ချက်​အ​ရ ထို​ပြည်​သား​တို့​သည်​ငါ​တို့​ထက် ခွန်​အား​ကြီး​၍ အ​ရပ်​အ​မောင်း​လည်း​မြင့်​မား သည်။ သူ​တို့​သည်​မိုး​ထိ​အောင်​မြင့်​သော​မြို့​ရိုး အ​တွင်း​၌​နေ​ထိုင်​ကြ​သည်။ အ​လွန်​ထွား ကြိုင်း​သော​သူ​များ​ကို​တွေ့​မြင်​ခဲ့​ကြ​သည်' ဟူ​၍​သင်​တို့​ပြော​ဆို​ညည်း​ညူ​ကြ​သည်။

29. ``ထို​အ​ခါ ငါ​က​သင်​တို့​အား`ထို​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။-

30-31. သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အီ​ဂျစ်​ပြည်​နှင့်​တော​ကန္တာ​ရ​၌​သင်​တို့​အား စောင့်​ရှောက်​ခဲ့​သည့်​နည်း​တူ ယ​ခု​လည်း​သင်​တို့ ကို​ဦး​ဆောင်​၍​သင်​တို့​ဘက်​၌​စစ်​ကူ​တိုက်​တော် မူ​လိမ့်​မည်။ အ​ဖ​က​သား​ကို​ချီ​ပိုက်​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ချီ​ပိုက်​လျက် ဤ​အ​ရပ်​သို့​ရောက်​ရှိ​သည့်​တိုင်​အောင်​ပို့​ဆောင် တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​မြင်​ရ​ကြ​ပြီ' ဟူ​၍​ပြော​ခဲ့​သည်။-

တ​ရား​ဟော 1