1. ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
2. (သိနာတောင်မှကာဒေရှဗာနာအရပ်သို့ တောင်ထူထပ်သောဧဒုံပြည်လမ်းဖြင့် ခရီး သွားသော်တစ်ဆယ့်တစ်ရက်ကြာ၏။-)
3. ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်လာကြပြီးနောက် လေးဆယ်မြောက်သော နှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့ရက်၌ထာဝရ ဘုရားကဣသရေလအမျိုးသားတို့အား မိန့်တော်မူသမျှကိုမောရှေသည်ထပ်မံ၍ ဆင့်ဆိုလေ၏။-
4. မောရှေသည်ဟေရှဘုန်မြို့တွင်စိုးစံသော အာမောရိဘုရင်ရှိဟုန်ကိုလည်းကောင်း၊ အာရှ တရုတ်မြို့နှင့်ဧဒြိမြို့များတွင်စိုးစံသော ဗာရှန်ဘုရင်သြဃကိုလည်ကောင်း၊ နှိမ် နှင်းပြီးနောက်အောက်ပါအတိုင်းဆင့်ဆို ခြင်းဖြစ်သည်။-
5. မောရှေသည်ဣသရေလအမျိုးသားတို့ ယော်ဒန်မြစ်အရှေ့ဘက်မောဘပြည်တွင် ရောက်ရှိနေကြစဉ် ဘုရားသခင်၏ပညတ် များနှင့်သွန်သင်ချက်များကိုစတင်ရှင်းလင်း ပေးလေသည်။
6. မောရှေက``ငါတို့သည်သိနာတောင်တွင်ရှိနေ ကြစဉ် ငါတို့၏ဘုရားသခင်ထာဝရဘုရား က`သင်တို့သည်ဤတောင်တွင်ကြာမြင့်စွာနေ ထိုင်ခဲ့ကြပြီ။-
7. စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-
8. သင်တို့၏ဘိုးဘေးများဖြစ်ကြသောအာဗြ ဟံ၊ ဣဇာက်၊ ယာကုပ်မှစ၍သူတို့၏အဆက် အနွယ်တို့အား ဤဒေသအားလုံးကိုပေး မည်ဟု ငါထာဝရဘုရားကတိထားတော် မူခဲ့သည်။ သင်တို့သွား၍သိမ်းယူကြလော့' ဟူ၍မိန့်တော်မူသည်'' ဟုဆို၏။
20-21. ငါက`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားငါတို့ဘိုးဘေးများ၏ဘုရားသခင် က ငါတို့အားပေးတော်မူမည့်အာမောရိ တောင်ကုန်းဒေသသို့သင်တို့ယခုရောက်ရှိ ကြပြီ။ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ချီတက်၍သိမ်းပိုက်ကြလော့။ မကြောက်ကြ နှင့်။ တုံ့နှေးခြင်းမရှိကြနှင့်' ဟုသင်တို့အား ပြောခဲ့၏။
30-31. သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
32-33. ယင်းသို့ငါပြောသော်လည်း သင်တို့သည်ည အချိန်၌မီးတိမ်တိုင်အားဖြင့်လည်းကောင်း၊ နေ့ အချိန်၌မိုးတိမ်တိုင်အားဖြင့်လည်းကောင်း သင် တို့ကိုရှေ့ကကြွသွား၍လမ်းပြလျက် သင်တို့ စခန်းချရာနေရာကိုရှာပေးတော်မူခဲ့သော ထာဝရဘုရားအားမယုံကြည်မကိုး စားကြ။''