တော​လည် 9:5-15-16 Common Language Bible (BCL)

11. တစ်​လ​စောင့်​ဆိုင်း​၍​ဒု​တိ​ယ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​တွင်​ပွဲ​ခံ​နိုင်​ခွင့်​ရှိ​သည်။ သူ​သည်​သိုး​သား​ကို​တ​ဆေး​မဲ့​မုန့်၊ ခါး​သော​ဟင်း​သီး​ဟင်း​ရွက်​တို့​နှင့်​စား​၍​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-

12. နောက်​တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​အ​စား​အ​စာ​ကို​မ​ကျန်​ကြွင်း​စေ​ရ။ သိုး​ကောင်​၏​အ​ရိုး​ကို​မ​ကျိုး​စေ​ရ။ ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-

13. တစ်​စုံ​တစ်​ယောက်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​လျက်​နှင့် ခ​ရီး​မ​လွန်​ဘဲ​ရှိ​လျက်​နှင့် ပ​သ​ခါ​ပွဲ​ခံ​ချိန်​တွင်​ငါ့​အား​ပူ​ဇော်​သ​ကာ​မ​ဆက်​သ​လျှင် ထို​သူ့​ကို​ငါ​၏​လူ​မျိုး​တော်​အ​ထဲ​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​လျောက်​ဒဏ်​ခံ​ရ​မည်။

14. ``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ​သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား​လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​ရ​မည်။

တော​လည် 9