တော​လည် 9:2-3-21 Common Language Bible (BCL)

2-3. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယ​ခု​လ​တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​မှ​အ​စ​ပြု​၍​ပ​သ​ခါ​ပွဲ​တော်​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ​ကျင်း​ပ​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-

4. သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​ဆင့်​ဆို​သည့်​အ​တိုင်း၊-

5. သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​တွင် ပ​ထ​မ​တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​၌​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​သည်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ရွက်​ကြ​သည်။

6. သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ထို​နေ့​တွင်​ပ​သ​ခါ​ပွဲ​တော်​ကို​မ​ဝင်​နိုင်​ကြ​ချေ။ သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သွား​၍၊-

7. ``အ​ကျွန်ုပ်​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​ကြ​ပါ။ အ​ခြား​သူ​များ​နည်း​တူ​အ​ကျွန်ုပ်​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ခြင်း​မ​ပြု​လုပ်​နိုင်​ပြီ​လော'' ဟု​မေး​လျှောက်​ကြ​၏။

8. ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မည်​သို့​ညွှန်​ကြား​တော်​မူ​မည်​ကို​စောင့်​ဆိုင်း​ကြ​လော့'' ဟု​ဆို​၏။

20. တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​ရက်​အ​နည်း​ငယ်​မျှ​သာ​တည်​ရှိ​နေ​၏။ မည်​သို့​ပင်​ဖြစ်​စေ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သာ စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ကို​ပြု​လုပ်​ကြ​သည်။-

21. တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​ည​နေ​ခင်း​မှ​နံ​နက်​အ​ထိ​သာ​တည်​ရှိ​၏။ သူ​တို့​သည်​မိုး​တိမ်​တက်​လျှင်​ခ​ရီး​ဆက်​ကြ​သည်။-

တော​လည် 9