တော​လည် 9:20-23 Common Language Bible (BCL)

20. တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​ရက်​အ​နည်း​ငယ်​မျှ​သာ​တည်​ရှိ​နေ​၏။ မည်​သို့​ပင်​ဖြစ်​စေ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သာ စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ကို​ပြု​လုပ်​ကြ​သည်။-

21. တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​ည​နေ​ခင်း​မှ​နံ​နက်​အ​ထိ​သာ​တည်​ရှိ​၏။ သူ​တို့​သည်​မိုး​တိမ်​တက်​လျှင်​ခ​ရီး​ဆက်​ကြ​သည်။-

22. တဲ​တော်​အ​ပေါ်​တွင်​မိုး​တိမ်​သည်​နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​သို့​မ​ဟုတ်​တစ်​နှစ်​ထက်​ပို​၍​ဖြစ်​စေ တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ။ သို့​ရာ​တွင်​မိုး​တိမ်​တက်​သည့်​အ​ခါ​၌​မူ​ကား​ခ​ရီး​ဆက်​ကြ​၏။-

23. မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သော​အ​မိန့်​တော်​အ​ရ သူ​တို့​သည်​စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ပြု​လုပ်​ကြ​၏။

တော​လည် 9