1. ဣသရေလအမျိုးသားတို့အီဂျစ်ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ပထမလတွင်ထာဝရဘုရားသည်သိနာတောကန္တာရ၌မောရှေအား၊-
4. သို့ဖြစ်၍မောရှေသည်ဣသရေလအမျိုးသားတို့အား ပသခါပွဲတော်ကိုကျင်းပရန်ဆင့်ဆိုသည့်အတိုင်း၊-
5. သူတို့သည်သိနာတောကန္တာရတွင် ပထမတစ်ဆယ့်လေးရက်နေ့ညနေ၌ပသခါပွဲတော်ကိုကျင်းပကြသည်။ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ဆောင်ရွက်ကြသည်။
6. သို့ရာတွင်အချို့သောသူတို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့် ဘာသာရေးထုံးနည်းအရမသန့်စင်သောကြောင့် ထိုနေ့တွင်ပသခါပွဲတော်ကိုမဝင်နိုင်ကြချေ။ သူတို့သည်မောရှေနှင့်အာရုန်တို့ထံသွား၍၊-
7. ``အကျွန်ုပ်တို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်ကြပါ။ အခြားသူများနည်းတူအကျွန်ုပ်တို့သည်လည်းထာဝရဘုရားအား ပူဇော်သကာဆက်သခြင်းမပြုလုပ်နိုင်ပြီလော'' ဟုမေးလျှောက်ကြ၏။
8. ထိုအခါမောရှေက``ထာဝရဘုရားသည် ငါ့အားမည်သို့ညွှန်ကြားတော်မူမည်ကိုစောင့်ဆိုင်းကြလော့'' ဟုဆို၏။
11. တစ်လစောင့်ဆိုင်း၍ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ညနေတွင်ပွဲခံနိုင်ခွင့်ရှိသည်။ သူသည်သိုးသားကိုတဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်တို့နှင့်စား၍ပသခါပွဲခံရမည်။-