2. ``အာရုန်သည်မီးခုံတိုင်တွင်မီးခွက်ခုနစ် လုံးကိုတင်သောအခါ မီးခွက်များမှအလင်း ရောင်သည်မီးခုံတိုင်ရှေ့သို့ထွက်စေရမည်'' ဟုမိန့်တော်မူ၏။-
3. အာရုန်သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း မီးခုံတိုင်မှအလင်းရောင်ရှေ့ ထွက်စေရန်မီးခွက်များကိုတင်ထားလေ သည်။-
4. ထာဝရဘုရားကမောရှေအားပြတော်မူ သောပုံစံအတိုင်း မီးခုံတိုင်တစ်ခုလုံးကို အောက်ခြေမှအထက်ထိရွှေဖြင့်ထုလုပ် ထားလေသည်။
5. ထာဝရဘုရားသည်မောရှေအား၊-
6. ``လေဝိအနွယ်ဝင်တို့ကိုဣသရေလအမျိုး သားများမှသီးခြားခွဲထုတ်၍ သူတို့အတွက် အောက်ပါအတိုင်းသန့်စင်ခြင်းဝတ်ကိုပြု လော့။-
7. သန့်စင်ရေးဆိုင်ရာရေကိုသူတို့၏ကိုယ်ပေါ် တွင်ဖျန်း၍ တစ်ကိုယ်လုံးရှိအမွေးများကို ရိတ်စေပြီးလျှင်အဝတ်များကိုလျှော်ဖွပ် စေရမည်။ ထိုအခါသူတို့သည်ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
8. ထိုနောက်သူတို့သည်နွားထီးပေါက်တစ်ကောင် နှင့်ဘောဇဉ်သကာအဖြစ် သံလွင်ဆီရောထား သောမုန့်ညက်ကိုယူဆောင်ခဲ့စေရမည်။ အပြစ် ဖြေရာယဇ်အတွက်နောက်ထပ်နွားတစ်ကောင် ယူဆောင်ခဲ့ရမည်။-
9. ထိုနောက်ဣသရေလတစ်မျိုးသားလုံးကို စုရုံးစေ၍ လေဝိအနွယ်ဝင်တို့အားငါစံ တော်မူရာတဲတော်ရှေ့တွင်ရပ်စေရမည်။-
10. ဣသရေလအမျိုးသားအပေါင်းတို့သည် လေဝိအနွယ်ဝင်တို့၏ဦးခေါင်းများ ပေါ်တွင်လက်ကိုတင်ရမည်။-
11. လေဝိအနွယ်တို့ကိုဣသရေလအမျိုး သားတို့မှ ငါ့အားဆက်သသောအထူး ပူဇော်သကာအဖြစ်အာရုန်သည်ဆက်ကပ် ရမည်။ ဤနည်းဖြင့်သူတို့သည် ငါ၏အမှု တော်ကိုဆောင်ရွက်နိုင်မည်။-
12. ထိုနောက်လေဝိအနွယ်ဝင်တို့သည်နွားထီး နှစ်ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရ ကြမည်။ လေဝိအနွယ်ဝင်တို့အားဘာသာ တရားကျင့်ထုံးအရ သန့်စင်စေရန်အတွက် အပြစ်ဖြေရာယဇ်အဖြစ်နွားထီးတစ်ကောင် ကိုလည်းကောင်း၊ မီးရှို့ရာယဇ်အဖြစ်အခြား နွားထီးတစ်ကောင်ကိုလည်းကောင်းပူဇော် ရမည်။