6. ထို့ကြောင့်မောရှေသည်လှည်းနှင့်နွားများ ကို လေဝိအနွယ်ဝင်တို့အားပေးအပ်လေ သည်။-
7. သူသည်လှည်းနှစ်စီးနှင့်နွားလေးကောင်ကို ဂေရရှုန်သားချင်းစုတို့အားလည်းကောင်း၊-
8. လှည်းလေးစီးနှင့်နွားရှစ်ကောင်ကို မေရာရိ သားချင်းစုတို့အားလည်းကောင်းပေးအပ် လေသည်။ သူတို့သည်အလုပ်ရှိသမျှကို အာရုန်၏သား ဣသမာညွှန်ကြားသည့် အတိုင်းဆောင်ရွက်ရကြသည်။-
9. ကောဟတ်သားချင်းစုတို့သည် မိမိတို့ကြည့် ရှုထိန်းသိမ်းရသောတဲတော်ဆိုင်ရာပစ္စည်း များကို ပခုံးပေါ်တွင်ထမ်းရသောကြောင့် မောရှေသည်သူတို့အတွက်လှည်းနှင့် နွားများကိုမပေးအပ်ချေ။
10. ဣသရေလခေါင်းဆောင်တို့ယဇ်ပလ္လင်ကို အနုမောဒနာပြုရာ၌လည်းပူဇော်သကာ များကိုယူဆောင်ခဲ့ကြသည်။ သူတို့သည် ယဇ်ပလ္လင်၌လှူဖွယ်ပစ္စည်းများကို ဆက်သ ရန်အသင့်ရှိသောအခါ၊-
11. ထာဝရဘုရားကမောရှေအား``ယဇ်ပလ္လင် ကိုအနုမောဒနာပြုရာ၌ခေါင်းဆောင်တစ် ဆယ့်နှစ်ဦးတို့သည် တစ်ဦးလျှင်တစ်ရက်ကျ အလှည့်ယူ၍မိမိတို့၏လှူဖွယ်ပစ္စည်းများ ကိုဆက်သစေရမည်'' ဟုမိန့်တော်မူ၏။
84-88. ယဇ်ပလ္လင်ကိုအနုမောဒနာပြုရာ၌ ဣသ ရေလအမျိုးခေါင်းဆောင်တစ်ဆယ့်နှစ်ဦး တို့ယူဆောင်ခဲ့ကြသောလှူဖွယ်ပစ္စည်းစုစု ပေါင်းမှာ၊-အလေးချိန်စုစုပေါင်းပေါင်ခြောက်ဆယ်ရှိသော ငွေဖလားတစ်ဆယ့်နှစ်လုံးနှင့်ငွေအင်တုံတစ် ဆယ့်နှစ်လုံး၊-နံ့သာပေါင်းအပြည့်ရှိသောအလေးချိန် စုစုပေါင်းလေးဆယ့်ရှစ်အောင်စရှိရွှေလင် ပန်းတစ်ဆယ့်နှစ်ချပ်၊-မီးရှို့ရာယဇ်အတွက်နွားထီးတစ်ဆယ့်နှစ် ကောင်၊ သိုးထီးတစ်ဆယ့်နှစ်ကောင်၊ တစ်နှစ်သား သိုးကလေးတစ်ဆယ့်နှစ်ကောင်နှင့် ယင်းတို့ နှင့်သက်ဆိုင်သောဘောဇဉ်သကာများ၊-အပြစ်ဖြေရာယဇ်အတွက်ဆိတ်တစ်ဆယ့် နှစ်ကောင်။-မိတ်သဟာယယဇ်အတွက်နွားထီးနှစ်ဆယ့် လေးကောင်၊သိုးထီးအကောင်ခြောက်ဆယ်၊ဆိတ် အကောင်ခြောက်ဆယ်၊တစ်နှစ်သားသိုးကလေး အကောင်ခြောက်ဆယ်စသည်တို့ဖြစ်ကြသည်။
89. မောရှေသည်ထာဝရဘုရားအားလျှောက် ထားရန်တဲတော်ထဲသို့ဝင်သောအခါ ပဋိ ညာဉ်သေတ္တာအဖုံးအထက်ခေရုဗိမ်ရုပ်နှစ်ခု ကြားမှထာဝရဘုရားမိန့်တော်မူသံကို ကြားရလေသည်။