တော​လည် 7:10-89 Common Language Bible (BCL)

10. ဣ​သ​ရေ​လ​ခေါင်း​ဆောင်​တို့​ယဇ်​ပလ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ရာ​၌​လည်း​ပူ​ဇော်​သကာ များ​ကို​ယူ​ဆောင်​ခဲ့​ကြ​သည်။ သူ​တို့​သည် ယဇ်​ပလ္လင်​၌​လှူ​ဖွယ်​ပစ္စည်း​များ​ကို ဆက်​သ ရန်​အ​သင့်​ရှိ​သော​အ​ခါ၊-

11. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ယဇ်​ပလ္လင် ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌​ခေါင်း​ဆောင်​တစ် ဆယ့်​နှစ်​ဦး​တို့​သည် တစ်​ဦး​လျှင်​တစ်​ရက်​ကျ အ​လှည့်​ယူ​၍​မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို​ဆက်​သ​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

84-88. ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌ ဣ​သ ရေ​လ​အ​မျိုး​ခေါင်း​ဆောင်​တစ်​ဆယ့်​နှစ်​ဦး တို့​ယူ​ဆောင်​ခဲ့​ကြ​သော​လှူ​ဖွယ်​ပစ္စည်း​စု​စု ပေါင်း​မှာ၊-အ​လေး​ချိန်​စုစု​ပေါင်း​ပေါင်​ခြောက်​ဆယ်​ရှိ​သော ငွေ​ဖ​လား​တစ်​ဆယ့်​နှစ်​လုံး​နှင့်​ငွေ​အင်​တုံ​တစ် ဆယ့်​နှစ်​လုံး၊-နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော​အ​လေး​ချိန် စု​စု​ပေါင်း​လေး​ဆယ့်​ရှစ်​အောင်​စ​ရှိ​ရွှေ​လင် ပန်း​တစ်​ဆယ့်​နှစ်​ချပ်၊-မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​တစ်​ဆယ့်​နှစ် ကောင်၊ သိုး​ထီး​တစ်​ဆယ့်​နှစ်​ကောင်၊ တစ်​နှစ်​သား သိုး​က​လေး​တစ်​ဆယ့်​နှစ်​ကောင်​နှင့် ယင်း​တို့ နှင့်​သက်​ဆိုင်​သော​ဘော​ဇဉ်​သကာ​များ၊-အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​တစ်​ဆယ့် နှစ်​ကောင်။-မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​နွား​ထီး​နှစ်​ဆယ့် လေး​ကောင်၊​သိုး​ထီး​အ​ကောင်​ခြောက်​ဆယ်၊ဆိတ် အ​ကောင်​ခြောက်​ဆယ်၊တစ်​နှစ်​သား​သိုး​က​လေး အ​ကောင်​ခြောက်​ဆယ်​စ​သည်​တို့​ဖြစ်​ကြ​သည်။

89. မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက် ထား​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ ပ​ဋိ ညာဉ်​သေတ္တာ​အ​ဖုံး​အ​ထက်​ခေ​ရု​ဗိမ်​ရုပ်​နှစ်​ခု ကြား​မှ​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ​သံ​ကို ကြား​ရ​လေ​သည်။

တော​လည် 7