7. ထိုသူသည်မိမိ၏အပြစ်ကိုဝန်ချတောင်းပန် ၍ မတော်မတရားပြုခြင်းခံရသူအားလျော် ကြေးအပြည့်အပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်းပေးရမည်။-
8. အကယ်၍လျော်ကြေးလက်ခံမည့်သူသည် သေဆုံး၍ဆွေမျိုးသားချင်းမကျန်ရစ်လျှင် လျော်ကြေးကိုယဇ်ပုရောဟိတ်အတွက်ထာဝရ ဘုရားထံဆက်သရမည်။ အပြစ်ကူးလွန်သူ သည်လျော်ကြေးအပြင် သန့်စင်ခြင်းဝတ် အတွက်သိုးထီးကိုလည်းပေးဆောင်ရ မည်။-
9. ယဇ်ပုရောဟိတ်မှတစ်ဆင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားဆက်သသော အထူးအလှူဒါနရှိသမျှကိုယဇ်ပုရော ဟိတ်ပိုင်သည်။-
10. ယဇ်ပုရောဟိတ်သည်မိမိအားလှူသမျှတို့ ကိုပိုင်၏။
15. မည်သို့ပင်ဖြစ်စေ၊ ခင်ပွန်းသည်ဇနီးကိုယဇ် ပုရောဟိတ်ထံသို့ခေါ်ဆောင်သွားရမည်။ သူ သည်ပူဇော်သကာအဖြစ် မုယောမုန့်ညက် နှစ်ပေါင်ကိုလည်းယူခဲ့ရမည်။ သို့ရာတွင် ပူဇော်သကာသည်မယုံသင်္ကာသဖြင့် အမှန် တရားကိုဖော်ထုတ်ရန်ဖြစ်သောကြောင့် သူ သည်မုန့်ညက်ပေါ်တွင်သံလွင်ဆီကိုမ လောင်းရ၊ နံ့သာပေါင်းကိုလည်းမတင်ရ။
16. ယဇ်ပုရောဟိတ်သည်ထိုအမျိုးသမီးကို ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်နေစေရမည်။-
17. သူသည်မြေအိုးတွင်ရေသန့်ကိုထည့်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်တလင်းမှမြေ မှုန့်အနည်းငယ်ကိုယူပြီးလျှင် ထိုရေအိုး ထဲသို့ထည့်ရမည်။-
18. ထိုနောက်သူသည်အမျိုးသမီးဆံပင်ကို ဖြေ၍ ပူဇော်သကာမုန့်ညက်ကိုသူ့လက်ထဲ သို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည်ကျိန်စာ သင့်စေသော ရေခါးပါရှိသည့်အိုးကိုလက် ထဲတွင်ကိုင်ထားရမည်။-
19. ထိုနောက်သူသည်အမျိုးသမီးအားဤသို့ ကျိန်စာတိုက်ရမည်။ ``သင်သည်အခြားသော ယောကျာ်းနှင့်မဖောက်ပြန်မကူးလွန်ခဲ့သည် ရှိသော် ဤသစ္စာရေကြောင့်ကျရောက်မည့်ဘေး ဒဏ်နှင့်ကင်းလွတ်ပါစေသား။-