တော​လည် 5:4-17 Common Language Bible (BCL)

4. ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မ​သန့်​စင် သူ​တို့​ကို​စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ်​လိုက် ကြ​၏။

7. ထို​သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ဝန်​ချ​တောင်း​ပန် ၍ မ​တော်​မ​တ​ရား​ပြု​ခြင်း​ခံ​ရ​သူ​အား​လျော် ကြေး​အ​ပြည့်​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​ပေး​ရ​မည်။-

8. အ​ကယ်​၍​လျော်​ကြေး​လက်​ခံ​မည့်​သူ​သည် သေ​ဆုံး​၍​ဆွေ​မျိုး​သား​ချင်း​မ​ကျန်​ရစ်​လျှင် လျော်​ကြေး​ကို​ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆက်​သ​ရ​မည်။ အ​ပြစ်​ကူး​လွန်​သူ သည်​လျော်​ကြေး​အ​ပြင် သန့်​စင်​ခြင်း​ဝတ် အ​တွက်​သိုး​ထီး​ကို​လည်း​ပေး​ဆောင်​ရ မည်။-

9. ယဇ်​ပု​ရော​ဟိတ်​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော အ​ထူး​အ​လှူ​ဒါ​န​ရှိ​သ​မျှ​ကို​ယဇ်​ပု​ရော ဟိတ်​ပိုင်​သည်။-

10. ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​အား​လှူ​သ​မျှ​တို့ ကို​ပိုင်​၏။

15. မည်​သို့​ပင်​ဖြစ်​စေ၊ ခင်​ပွန်း​သည်​ဇ​နီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ဆောင်​သွား​ရ​မည်။ သူ သည်​ပူ​ဇော်​သ​ကာ​အ​ဖြစ် မု​ယော​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။ သို့​ရာ​တွင် ပူ​ဇော်​သကာ​သည်​မ​ယုံ​သင်္ကာ​သ​ဖြင့် အ​မှန် တ​ရား​ကို​ဖော်​ထုတ်​ရန်​ဖြစ်​သော​ကြောင့် သူ သည်​မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ​ကို​မ လောင်း​ရ၊ နံ့​သာ​ပေါင်း​ကို​လည်း​မ​တင်​ရ။

16. ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​သို့​သွား​၍​ရပ်​နေ​စေ​ရ​မည်။-

17. သူ​သည်​မြေ​အိုး​တွင်​ရေ​သန့်​ကို​ထည့်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တ​လင်း​မှ​မြေ မှုန့်​အ​နည်း​ငယ်​ကို​ယူ​ပြီး​လျှင် ထို​ရေ​အိုး ထဲ​သို့​ထည့်​ရ​မည်။-

တော​လည် 5