တော​လည် 5:26-31 Common Language Bible (BCL)

26. ထို​နောက်​သူ​သည်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​မျှ​ကို ယူ​၍ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ နောက် ဆုံး​တွင်​ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​အား သစ္စာ​ရေ​ကို​သောက်​စေ​ရ​မည်။-

27. အ​မျိုး​သ​မီး​သည်​အ​ခြား​ယောကျာ်း​နှင့်​ဖောက် ပြန်​ကူး​လွန်​ခဲ့​လျှင် သူ​သည်​ဝေ​ဒ​နာ​ပြင်း​ပြ စွာ​ခံ​ရ​၍ သူ​၏​ဝမ်း​ဗိုက်​သည်​ဖောင်း​ပွ​လာ​လျက် သူ​၏​မိန်း​မ​အင်္ဂါ​သည်​လည်း​ခြောက်​ကပ်​လာ​လိမ့် မည်။ သူ​သည်​မိ​မိ​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​လိမ့်​မည်။-

28. သို့​ရာ​တွင်​အ​မျိုး​သ​မီး​သည် ကူး​လွန်​မှု​မ​ရှိ ခဲ့​သော် ဘေး​မ​သင့်​ဘဲ​သား​သ​မီး​မွေး​ဖွား နိုင်​စွမ်း​ရှိ​လိမ့်​မည်။

29-30. အ​ဆို​ပါ​ပ​ညတ်​သည်​ကား​ခင်​ပွန်း​သည်​က မိ​မိ​ဇ​နီး​ဖောက်​ပြန်​သည်​ဟူ​၍​မ​ယုံ​သင်္ကာ ဖြစ်​သည့်​အ​ခါ​၌ လိုက်​နာ​ရ​သော​ပ​ညတ်​ဖြစ် သည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​တွင်​ရပ်​စေ​၍ ဤ​ပ​ညတ်​အ​တိုင်း စစ်​ဆေး​စီ​ရင်​ရ​မည်။-

31. ခင်​ပွန်း​သည်​ပြစ်​မှု​ကင်း​စေ​ရ​မည်။ သို့​ရာ တွင်​ဇ​နီး​သည်​ပြစ်​မှု​ကူး​လွန်​လျှင် အ​ပြစ် အ​လျောက်​ဒဏ်​ခံ​စေ​ရ​မည်။

တော​လည် 5