20. သို့သော်သင်သည်သစ္စာဖောက်ခဲ့လျှင်၊
21. သင်သည်သင်၏လူမျိုးအတွက်အမင်္ဂလာ ဖြစ်ပါစေသား။ သင်၏မိန်းမအင်္ဂါတို့သည် ခြောက်ကပ်လာ၍ သင်၏ဝမ်းဗိုက်သည်ဖောင်း ပွလာလိမ့်မည်။-
22. ဤရေသည်သင်၏ဝမ်းထဲသို့ရောက်၍ဝမ်း ဗိုက်ကိုဖောင်းပွလာစေလျက် သင်၏မိန်းမ အင်္ဂါကိုခြောက်ကပ်စေလိမ့်မည်။ထိုအခါအမျိုးသမီးက``ဤသစ္စာတည်ပါ စေသော'' ဟုဝန်ခံရမည်။
23. ထိုနောက်ယဇ်ပုရောဟိတ်သည် ထိုကျိန်စာကို ရေးသား၍စာကိုရေခါးထဲတွင်ချေဖျက် ရမည်။-
24. အမျိုးသမီးအား ပြင်းပြသောဝေဒနာ ဖြစ်စေနိုင်မည့်ရေကိုမတိုက်မီ၊-
25. ယဇ်ပုရောဟိတ်သည် အမျိုးသမီး၏လက်ထဲမှ မုန့်ညက်ကိုယူ၍ ထာဝရဘုရားအားဆက်ကပ် ပြီးလျှင် ယဇ်ပလ္လင်ပေါ်သို့တင်ရမည်။-
26. ထိုနောက်သူသည်မုန့်ညက်လက်တစ်ဆုပ်စာမျှကို ယူ၍ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ နောက် ဆုံးတွင်ယဇ်ပုရောဟိတ်သည် အမျိုးသမီးအား သစ္စာရေကိုသောက်စေရမည်။-
27. အမျိုးသမီးသည်အခြားယောကျာ်းနှင့်ဖောက် ပြန်ကူးလွန်ခဲ့လျှင် သူသည်ဝေဒနာပြင်းပြ စွာခံရ၍ သူ၏ဝမ်းဗိုက်သည်ဖောင်းပွလာလျက် သူ၏မိန်းမအင်္ဂါသည်လည်းခြောက်ကပ်လာလိမ့် မည်။ သူသည်မိမိလူမျိုးအတွက်အမင်္ဂလာ ဖြစ်လိမ့်မည်။-
28. သို့ရာတွင်အမျိုးသမီးသည် ကူးလွန်မှုမရှိ ခဲ့သော် ဘေးမသင့်ဘဲသားသမီးမွေးဖွား နိုင်စွမ်းရှိလိမ့်မည်။
29-30. အဆိုပါပညတ်သည်ကားခင်ပွန်းသည်က မိမိဇနီးဖောက်ပြန်သည်ဟူ၍မယုံသင်္ကာ ဖြစ်သည့်အခါ၌ လိုက်နာရသောပညတ်ဖြစ် သည်။ ယဇ်ပုရောဟိတ်သည် အမျိုးသမီးကို ယဇ်ပလ္လင်ရှေ့တွင်ရပ်စေ၍ ဤပညတ်အတိုင်း စစ်ဆေးစီရင်ရမည်။-
31. ခင်ပွန်းသည်ပြစ်မှုကင်းစေရမည်။ သို့ရာ တွင်ဇနီးသည်ပြစ်မှုကူးလွန်လျှင် အပြစ် အလျောက်ဒဏ်ခံစေရမည်။