တော​လည် 5:15-22 Common Language Bible (BCL)

15. မည်​သို့​ပင်​ဖြစ်​စေ၊ ခင်​ပွန်း​သည်​ဇ​နီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ဆောင်​သွား​ရ​မည်။ သူ သည်​ပူ​ဇော်​သ​ကာ​အ​ဖြစ် မု​ယော​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။ သို့​ရာ​တွင် ပူ​ဇော်​သကာ​သည်​မ​ယုံ​သင်္ကာ​သ​ဖြင့် အ​မှန် တ​ရား​ကို​ဖော်​ထုတ်​ရန်​ဖြစ်​သော​ကြောင့် သူ သည်​မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ​ကို​မ လောင်း​ရ၊ နံ့​သာ​ပေါင်း​ကို​လည်း​မ​တင်​ရ။

16. ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​သို့​သွား​၍​ရပ်​နေ​စေ​ရ​မည်။-

17. သူ​သည်​မြေ​အိုး​တွင်​ရေ​သန့်​ကို​ထည့်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တ​လင်း​မှ​မြေ မှုန့်​အ​နည်း​ငယ်​ကို​ယူ​ပြီး​လျှင် ထို​ရေ​အိုး ထဲ​သို့​ထည့်​ရ​မည်။-

18. ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​ဆံ​ပင်​ကို ဖြေ​၍ ပူ​ဇော်​သကာ​မုန့်​ညက်​ကို​သူ့​လက်​ထဲ သို့​ထည့်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ကျိန်​စာ သင့်​စေ​သော ရေ​ခါး​ပါ​ရှိ​သည့်​အိုး​ကို​လက် ထဲ​တွင်​ကိုင်​ထား​ရ​မည်။-

19. ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​အား​ဤ​သို့ ကျိန်​စာ​တိုက်​ရ​မည်။ ``သင်​သည်​အ​ခြား​သော ယောကျာ်း​နှင့်​မ​ဖောက်​ပြန်​မ​ကူး​လွန်​ခဲ့​သည် ရှိ​သော် ဤ​သစ္စာ​ရေ​ကြောင့်​ကျ​ရောက်​မည့်​ဘေး ဒဏ်​နှင့်​ကင်း​လွတ်​ပါ​စေ​သား။-

20. သို့​သော်​သင်​သည်​သစ္စာ​ဖောက်​ခဲ့​လျှင်၊

21. သင်​သည်​သင်​၏​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​ပါ​စေ​သား။ သင်​၏​မိန်း​မ​အင်္ဂါ​တို့​သည် ခြောက်​ကပ်​လာ​၍ သင်​၏​ဝမ်း​ဗိုက်​သည်​ဖောင်း ပွ​လာ​လိမ့်​မည်။-

22. ဤ​ရေ​သည်​သင်​၏​ဝမ်း​ထဲ​သို့​ရောက်​၍​ဝမ်း ဗိုက်​ကို​ဖောင်း​ပွ​လာ​စေ​လျက် သင်​၏​မိန်း​မ အင်္ဂါ​ကို​ခြောက်​ကပ်​စေ​လိမ့်​မည်။ထို​အ​ခါ​အ​မျိုး​သ​မီး​က``ဤ​သစ္စာ​တည်​ပါ စေ​သော'' ဟု​ဝန်​ခံ​ရ​မည်။

တော​လည် 5