1. ထာဝရဘုရားသည်မောရှေအား၊
2. ``ဣသရေလအမျိုးသားတို့တွင် ကိုယ်ရေ ပြားရောဂါစွဲသောသူသို့မဟုတ်ရိနာစွဲ သောသူ၊ လူသေကောင်နှင့်ထိမိသဖြင့်မသန့် စင်သောသူတို့ကို စခန်းအပြင်သို့နှင်ထုတ် ရန်ဆင့်ဆိုလော့။-
3. ငါ၏လူမျိုးတော်နှင့်အတူငါရှိရာစခန်း ကိုမညစ်ညူးစေရန် ဘာသာရေးထုံးနည်း အရမသန့်စင်သူတို့ကိုစခန်းအပြင်သို့ နှင်ထုတ်ရမည်'' ဟုမိန့်တော်မူ၏။-
4. ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်မသန့်စင် သူတို့ကိုစခန်းအပြင်သို့နှင်ထုတ်လိုက် ကြ၏။
5-6. ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့လိုက်နာရန် အောက်ပါညွှန်ကြားချက်များ ကိုမောရှေအားပေးတော်မူ၏။ တစ်စုံတစ်ယောက် သည်အခြားသူတစ်ဦးအား မတော်မတရား ပြု၍ထာဝရဘုရား၏ပညတ်တော်ကို ချိုးဖောက်လျှင်၊-
7. ထိုသူသည်မိမိ၏အပြစ်ကိုဝန်ချတောင်းပန် ၍ မတော်မတရားပြုခြင်းခံရသူအားလျော် ကြေးအပြည့်အပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်းပေးရမည်။-
11-14. ထာဝရဘုရားသည်မောရှေမှတစ်ဆင့်ဣသ ရေလအမျိုးသားတို့အား အောက်ပါညွှန်ကြား ချက်များကိုပေးတော်မူ၏။ ခင်ပွန်းသည်တစ်ဦး သည်မိမိ၏ဇနီးသစ္စာဖောက်၍ အခြားယောကျာ်း နှင့်ပြစ်မှားခဲ့သည်ဟုခင်ပွန်းသည်ကမယုံ သင်္ကာဖြစ်အံ့။ သို့သော်လည်းဇနီးသည်ထို အမှုကိုလျှို့ဝှက်ထား၍သော်လည်းကောင်း၊ မျက်မြင်သက်သေမရှိ၍သော်လည်းကောင်း၊ လက်ပူးလက်ကြပ်မမိ၍သော်လည်းကောင်း ခင်ပွန်းကအတိအကျမစွပ်စွဲနိုင်။ သို့ တည်းမဟုတ်ဇနီးသည်အခြားသူတစ်ဦး နှင့်မဖောက်ပြန်သော်လည်း ခင်ပွန်းသည်က မယားအားမယုံသင်္ကာဖြစ်အံ့။-
29-30. အဆိုပါပညတ်သည်ကားခင်ပွန်းသည်က မိမိဇနီးဖောက်ပြန်သည်ဟူ၍မယုံသင်္ကာ ဖြစ်သည့်အခါ၌ လိုက်နာရသောပညတ်ဖြစ် သည်။ ယဇ်ပုရောဟိတ်သည် အမျိုးသမီးကို ယဇ်ပလ္လင်ရှေ့တွင်ရပ်စေ၍ ဤပညတ်အတိုင်း စစ်ဆေးစီရင်ရမည်။-