1. ထာဝရဘုရားကမောရှေအား၊
2. ``လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစုတွင်၊
3. အသက်သုံးဆယ်မှငါးဆယ်အထိထာဝရ ဘုရားစံတော်မူရာတဲတော်တွင် အမှုတော် ဆောင်နိုင်မည့်အမျိုးသားအားလုံးတို့ကို ဘိုးဘေးဆွေမျိုးဘက်မှမိသားစုအလိုက် စာရင်းကောက်ယူလော့။-
4. သူတို့သည်အလွန်သန့်ရှင်းသောအရာများ နှင့်စပ်လျဉ်းသည့်အမှုကိုဆောင်ရွက်ရမည်'' ဟုမိန့်တော်မူ၏။
18-19. ``ကောဟတ်၏သားချင်းစုတို့ကိုအလွန်သန့်ရှင်း သောပစ္စည်းများအနီးသို့မချဉ်းကပ်စေနှင့်။ ထို အဖြစ်မျိုးမဆိုက်ရောက်စေရန်အာရုန်နှင့်သူ ၏သားတို့သည်တဲတော်ထဲသို့ဝင်၍လူအသီး သီးဆောင်ရွက်ရမည့်တာဝန်နှင့်ထမ်းရမည့် ဝန်တို့ကိုခန့်ခွဲပေးရမည်။-
22-23. လေဝိအနွယ်ဝင်ဂေရရှုန်၏သားချင်းစုတို့ မှအသက်သုံးဆယ်နှင့်ငါးဆယ်အတွင်းရှိ ထာဝရဘုရားစံတော်မူရာတဲတော်၌အမှု ထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ကို ဘိုးဘေးဆွေ မျိုးဘက်မှမိသားစုအလိုက်စာရင်းကောက် ယူရန်အမိန့်ပေးတော်မူ၏။-
24-25. သူတို့တာဝန်မှာ၊- တဲတော်၊ တဲတော်အောက်ခံ အမိုး၊ အပြင်အမိုး၊ နူးညံ့သောအပေါ်ဆုံး ထပ်သားရေမိုး၊-