1. ထာဝရဘုရားကမောရှေအား၊
2. ``လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစုတွင်၊
3. အသက်သုံးဆယ်မှငါးဆယ်အထိထာဝရ ဘုရားစံတော်မူရာတဲတော်တွင် အမှုတော် ဆောင်နိုင်မည့်အမျိုးသားအားလုံးတို့ကို ဘိုးဘေးဆွေမျိုးဘက်မှမိသားစုအလိုက် စာရင်းကောက်ယူလော့။-
4. သူတို့သည်အလွန်သန့်ရှင်းသောအရာများ နှင့်စပ်လျဉ်းသည့်အမှုကိုဆောင်ရွက်ရမည်'' ဟုမိန့်တော်မူ၏။
5. ထာဝရဘုရားသည်မောရှေအားအောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။ စခန်း သိမ်းချိန်ရောက်လျှင်အာရုန်နှင့်သူ၏သားတို့ သည်တဲတော်ထဲသို့ဝင်၍ ပဋိညာဉ်သေတ္တာ တော်ရှေ့တွင်ရှိသောကန့်လန့်ကာကိုဖြုတ် ပြီးလျှင်၎င်းနှင့်သေတ္တာတော်ကိုအုပ်ရမည်။-
6. ကန့်လန့်ကာအပေါ်တွင်နူးညံ့သောသားရေ ဖုံးအုပ်ပြန်၍ ထိုအပေါ်တွင်အပြာထည်ကို ထပ်မံ၍အုပ်ရမည်။ ထိုနောက်ထမ်းပိုးများ ကိုကွင်းများတွင်လျှိုသွင်းရမည်။
7. ထာဝရဘုရားအားမုန့်တင်လှူ၍ ပူဇော် သောစားပွဲတော်ပေါ်တွင်အပြာထည်ကို ဖြန့်ခင်း၍လင်ပန်းများ၊ နံ့သာပေါင်းခွက် များ၊ ဖလားများ၊ စပျစ်ရည်ခရားများ ကိုတင်ရမည်။ တင်လှူပူဇော်သောမုန့်ကို လည်းစားပွဲတော်ပေါ်တွင်အမြဲရှိစေရ မည်။-
8. ထိုပစ္စည်းများအားလုံးတို့ကိုအနီထည် ဖြင့်ဖုံးအုပ်၍ ထိုအနီထည်ပေါ်တွင်နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်ရမည်။ ထို နောက်ထမ်းပိုးများကိုကွင်းများတွင် လျှိုထားရမည်။
9. မီးခုံတိုင်နှင့်ဆိုင်ရာမီးခွက်များ၊ မီးညှပ် များ၊ မီးခံခွက်များနှင့်သံလွင်ဆီခွက်စ သည်တို့ကိုအပြာထည်ဖြင့်ဖုံးအုပ်ရမည်။-
10. မီးခုံတိုင်နှင့်ဆိုင်ရာပစ္စည်းအားလုံးတို့ကို နူးညံ့သောသားရေထည်ဖြင့်ထုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။
11. ရွှေယဇ်ပလ္လင်ကိုအပြာထည်ဖြင့်ဖုံးပြီးလျှင် အပြာထည်အပေါ်တွင်နူးညံ့သောသားရေ ထည်ဖြင့်အုပ်ထားရမည်။ ထိုနောက်ထမ်းပိုး များကိုလျှိုထားရမည်။-
12. သန့်ရှင်းရာဌာနတော်ထဲတွင်အသုံးပြု သောခွက်ယောက်အားလုံးကိုအပြာထည် ဖြင့်ထုပ်၍ အပြာထည်အပေါ်၌နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။-
13. ယဇ်ပလ္လင်မှအဆီနှင့်ပြာကိုရှင်းလင်းပြီး လျှင် ပလ္လင်ကိုခရမ်းရောင်အထည်ဖြင့်ဖုံး အုပ်ထားရမည်။-
14. ထိုအပေါ်တွင်ယဇ်ပလ္လင်နှင့်ဆိုင်သော မီးခံခွက်၊ ချိတ်၊ ဂေါ်ပြား၊ ဖလားစသောအသုံးအဆောင် ပစ္စည်းအားလုံးတို့ကိုတင်ထားရမည်။ ထိုနောက် ပလ္လင်အသုံးအဆောင်ပစ္စည်းများကို နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်၍ထမ်းပိုး များကိုလျှိုထားရမည်။-
15. စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
16. ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ သည်တဲတော်အတွက်လည်းကောင်း၊ မီးခွက် ဆီ၊ နံ့သာပေါင်း၊ ဘောဇဉ်သကာ၊ ဘိသိက် ဆီမှစ၍ထာဝရဘုရားအားဆက်ကပ် ထားသောတဲတော်ပစ္စည်းရှိသမျှကိုလည်း ကောင်းတာဝန်ယူရမည်။
17. ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား၊
18-19. ``ကောဟတ်၏သားချင်းစုတို့ကိုအလွန်သန့်ရှင်း သောပစ္စည်းများအနီးသို့မချဉ်းကပ်စေနှင့်။ ထို အဖြစ်မျိုးမဆိုက်ရောက်စေရန်အာရုန်နှင့်သူ ၏သားတို့သည်တဲတော်ထဲသို့ဝင်၍လူအသီး သီးဆောင်ရွက်ရမည့်တာဝန်နှင့်ထမ်းရမည့် ဝန်တို့ကိုခန့်ခွဲပေးရမည်။-
20. ကောဟတ်၏သားချင်းစုတို့သည်တဲတော်ထဲ သို့ဝင်၍သန့်ရှင်းသောပစ္စည်းများကိုခေတ္တ မျှကြည့်မိလျှင်အသက်သေဆုံးရကြ မည်'' ဟုမိန့်တော်မူ၏။