တော​လည် 36:7-13 Common Language Bible (BCL)

7. ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း​ပိုင်​ဆိုင်​သော အ​မွေ​မြေ​ကို မိ​မိ​နှင့်​သက်​ဆိုင်​ရာ​အ​နွယ် လက်​မှ​အ​ခြား​အ​နွယ်​လက်​သို့​မ​လွှဲ မ​ပြောင်း​ရ။-

8. ဣ​သ​ရေ​လ​အ​နွယ်​ထဲ​မှ​အ​မွေ​မြေ​ဆက်​ခံ ရ​ရှိ​သော​အ​မျိုး​သ​မီး​တိုင်း မိ​မိ​၏​အ​နွယ် ဝင်​ယောကျာ်း​နှင့်​စုံ​ဖက်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တိုင်း​ဘိုး​ဘေး တို့​၏​မြေ​ကို​ဆက်​ခံ​ရ​ရှိ​သ​ဖြင့်၊-

9. မြေ​သည်​တစ်​နွယ်​လက်​မှ​အ​ခြား​တစ်​နွယ် လက်​သို့​ကူး​ပြောင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ အ​နွယ် တိုင်း​က​မိ​မိ​ပိုင်​မြေ​ကို​ဆက်​လက်​ပိုင်​ဆိုင် လိမ့်​မည်'' ဟု​ဆို​၏။

12. သူ​တို့​သည်​ယော​သပ်​၏​သား​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​နှင့်​စုံ​ဖက်​ကြ​သ​ဖြင့် သူ​တို့​အ​မွေ​ခံ ရ​သော​မြေ​သည်​ဖ​ခင်​၏​အ​နွယ်​လက်​ဝယ် ဆက်​လက်​တည်​ရှိ​လေ​သည်။

13. ဤ​ပ​ညတ်​များ​သည်​ကား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပေး​တော် မူ​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​တော​လည်​ရာ ကျမ်း​ပြီး​၏။

တော​လည် 36