5. ပတ်လည်စားကျက်မြေသည် ထိုမြို့ကိုဗဟို ပြုကာအနံအလျားကိုက်တစ်ထောင်စီရှိ ရမည်။-
6. လူတစ်ဦးအားကြိုတင်ကြံရွယ်ခြင်းမရှိ ဘဲနှင့် သတ်မိသူထွက်ပြေး၍ခိုလှုံနိုင်ရန် မြို့ခြောက်မြို့ကိုလေဝိအနွယ်ဝင်တို့အား ပေးရမည်။ ထို့အပြင်အခြားမြို့လေးဆယ့် နှစ်မြို့တို့ကိုလည်းသူတို့အားပေးရမည်။-
7. သို့ဖြစ်၍စားကျက်မြေအပါအဝင်စုစု ပေါင်း လေးဆယ့်ရှစ်မြို့ကိုသူတို့အားပေးရမည်။-
8. ဣသရေလအနွယ်အသီးသီးပိုင်သောနယ်မြေ အကျယ်အဝန်းအလိုက် လေဝိအနွယ်ဝင်တို့ အတွက်မြို့အရေအတွက်ကိုသတ်မှတ်ပေးရ မည်'' ဟုမိန့်တော်မူ၏။
9. ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
10. ``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ခါနာန်ပြည်သို့ဝင်ရောက်သောအခါ၊-
11. ကြိုတင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦး အားသတ်မိသူသည် ထွက်ပြေးခိုလှုံနိုင်သည့် မြို့များကိုရွေးချယ်သတ်မှတ်ရမည်။-
12. ထိုမြို့များတွင်သူသည်သေဆုံးသူနှင့်သွေး တော်စပ်သူ၏လက်စားချေခြင်းမှလွတ်ကင်း လိမ့်မည်။ လူအသက်ကိုသတ်သောသူအား လူ ပရိသတ်ရှေ့တရားရုံးတွင်စီရင်ခြင်းမပြု ဘဲသေစားမသေစေရ။-
15. ထိုမြို့များသည်ဣသရေလအမျိုးသားများ အတွက်လည်းကောင်း၊ အမြဲဖြစ်စေ၊ ခေတ္တဖြစ် စေနေထိုင်ကြသောလူမျိုးခြားတို့အတွက် လည်းကောင်း ခိုလှုံရာမြို့များဖြစ်ရမည်။ ကြို တင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦးအား သတ်မိသူသည်ထိုမြို့များအနက်တစ်မြို့ မြို့သို့ထွက်ပြေးခိုလှုံနိုင်သည်။
19. သေဆုံးသူနှင့်အနီးဆုံးသွေးတော်စပ်သူ သည် တာဝန်ရှိသဖြင့်လူသတ်သမားကို တွေ့လျှင်သတ်ရမည်။
20. ``တစ်စုံတစ်ယောက်အား မုန်းတီးသဖြင့်တွန်း ချ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့် ပစ်၍သော်လည်းကောင်း၊-
21. လက်သီးနှင့်ထိုး၍သော်လည်းကောင်း သတ် သောသူသည်လူသတ်မှုကိုကူးလွန်သဖြင့် သေဒဏ်စီရင်ခြင်းကိုခံစေရမည်။ သေဆုံး သူနှင့်အနီးဆုံးသွေးတော်စပ်သူသည် တာဝန်ရှိသဖြင့်လူသတ်သမားကိုတွေ့ လျှင်သတ်ရမည်။
22. ``သို့ရာတွင်တစ်စုံတစ်ယောက်အား မုန်းတီး ခြင်းမရှိဘဲနှင့်တွန်းချ၍သော်လည်းကောင်း၊ တစ်စုံတစ်ခုနှင့်ပစ်၍သော်လည်းကောင်း အမှတ်မထင်သတ်မိလျှင်ဖြစ်စေ၊-
23. မိမိရန်သူမဟုတ်သူကိုထိခိုက်စေလိုသော ဆန္ဒမရှိဘဲနှင့်ကျောက်ခဲဖြင့် အမှတ်တမဲ့ ပစ်မိသောကြောင့်ထိုသူသေဆုံးရလျှင် ဖြစ်စေ၊-
24. လူပရိတ်သတ်ကလူသတ်မှုကူးလွန်သူ နှင့် သေဆုံးသူ၏အနီးဆုံးသွေးတော်စပ် သူတို့အကြားတရားဋ္ဌမ္မသတ်အတိုင်း စီရင်ရမည်။-
25. လူပရိသတ်သည်လူသတ်မှုကူးလွန်သူ အားသေဆုံးသူ၏ဆွေမျိုးတော်စပ်သူလက် မှကယ်တင်၍ သူထွက်ပြေးခိုလှုံခဲ့သောမြို့ သို့ပြန်ပို့ရမည်။ သူသည်ထိုစဉ်ကအမှုထမ်း နေဆဲယဇ်ပုရောဟိတ်မင်းအနိစ္စရောက်သည် အထိထိုမြို့တွင်နေထိုင်ရမည်။-
26. အကယ်၍လူသတ်မှုကူးလွန်သူသည် ခိုလှုံရာမြို့ပြင်သို့ထွက်သဖြင့်၊-
27. သေဆုံးသူနှင့်သွေးတော်စပ်သူကတွေ့၍ သူ့ အားလက်စားချေသတ်ပစ်လျှင်ဤလက်စား ချေခြင်းသည်လူသတ်မှုမဟုတ်။-
28. သို့ရာတွင်လူသတ်မှုကူးလွန်သူသည် ထိုစဉ် ကအမှုထမ်းနေဆဲယဇ်ပုရောဟိတ်မင်း အနိစ္စရောက်သည်တိုင်အောင်သူခိုလှုံရာမြို့ တွင်နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းအနိစ္စ ရောက်ပြီးနောက် သူသည်မိမိ၏နေရပ်သို့ ပြန်နိုင်သည်။-