5. ပတ်လည်စားကျက်မြေသည် ထိုမြို့ကိုဗဟို ပြုကာအနံအလျားကိုက်တစ်ထောင်စီရှိ ရမည်။-
6. လူတစ်ဦးအားကြိုတင်ကြံရွယ်ခြင်းမရှိ ဘဲနှင့် သတ်မိသူထွက်ပြေး၍ခိုလှုံနိုင်ရန် မြို့ခြောက်မြို့ကိုလေဝိအနွယ်ဝင်တို့အား ပေးရမည်။ ထို့အပြင်အခြားမြို့လေးဆယ့် နှစ်မြို့တို့ကိုလည်းသူတို့အားပေးရမည်။-
7. သို့ဖြစ်၍စားကျက်မြေအပါအဝင်စုစု ပေါင်း လေးဆယ့်ရှစ်မြို့ကိုသူတို့အားပေးရမည်။-
8. ဣသရေလအနွယ်အသီးသီးပိုင်သောနယ်မြေ အကျယ်အဝန်းအလိုက် လေဝိအနွယ်ဝင်တို့ အတွက်မြို့အရေအတွက်ကိုသတ်မှတ်ပေးရ မည်'' ဟုမိန့်တော်မူ၏။
9. ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား၊-
10. ``သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ခါနာန်ပြည်သို့ဝင်ရောက်သောအခါ၊-
11. ကြိုတင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦး အားသတ်မိသူသည် ထွက်ပြေးခိုလှုံနိုင်သည့် မြို့များကိုရွေးချယ်သတ်မှတ်ရမည်။-
12. ထိုမြို့များတွင်သူသည်သေဆုံးသူနှင့်သွေး တော်စပ်သူ၏လက်စားချေခြင်းမှလွတ်ကင်း လိမ့်မည်။ လူအသက်ကိုသတ်သောသူအား လူ ပရိသတ်ရှေ့တရားရုံးတွင်စီရင်ခြင်းမပြု ဘဲသေစားမသေစေရ။-