1. ယေရိခေါမြို့တစ်ဘက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်၌ ထာဝရဘုရားသည် မောရှေအား၊-
2. ``ဣသရေလအမျိုးသားတို့သည်မိမိတို့ ရရှိသောနယ်မြေထဲမှ အချို့သောမြို့များ နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်အားပေးရမည်။-
3. ဤမြို့များသည်လေဝိအနွယ်ဝင်တို့အတွက် ဖြစ်၍ သူတို့သည်ထိုမြို့များတွင်နေထိုင်ရ ကြမည်။ စားကျက်မြေသည်သူတို့၏နွား များနှင့်အခြားတိရစ္ဆာန်တို့အတွက်ဖြစ် သည်။-
4. စားကျက်မြေသည်မြို့ရိုးမျက်နှာလေးဘက်မှ အပြင်သို့ကိုက်ငါးရာအထိကျယ်ပြန့်စေ ရမည်။-
5. ပတ်လည်စားကျက်မြေသည် ထိုမြို့ကိုဗဟို ပြုကာအနံအလျားကိုက်တစ်ထောင်စီရှိ ရမည်။-
6. လူတစ်ဦးအားကြိုတင်ကြံရွယ်ခြင်းမရှိ ဘဲနှင့် သတ်မိသူထွက်ပြေး၍ခိုလှုံနိုင်ရန် မြို့ခြောက်မြို့ကိုလေဝိအနွယ်ဝင်တို့အား ပေးရမည်။ ထို့အပြင်အခြားမြို့လေးဆယ့် နှစ်မြို့တို့ကိုလည်းသူတို့အားပေးရမည်။-
7. သို့ဖြစ်၍စားကျက်မြေအပါအဝင်စုစု ပေါင်း လေးဆယ့်ရှစ်မြို့ကိုသူတို့အားပေးရမည်။-
13-14. ယော်ဒန်မြစ်အရှေ့ဘက်တွင်သုံးမြို့၊ ခါနာန် ပြည်ထဲတွင်သုံးမြို့၊ စုစုပေါင်းခြောက်မြို့ကို ရွေးချယ်လော့။-
16-18. ``သို့ရာတွင်သံ၊ ကျောက်၊ သစ်သားလက်နက်တစ် ခုခုဖြင့် လူတစ်ဦးအားသတ်သူသည်လူသတ် မှုကိုကူးလွန်သဖြင့်သေဒဏ်စီရင်ခြင်းကို ခံစေရမည်။-