တော​လည် 34:1-7 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိန့်​မှာ တော်​မူ​သည်​ကား၊-

2. ``သင်​တို့​သည်​ငါ​ပေး​မည့်​ခါ​နာန်​ပြည်​သို့ ဝင်​ရောက်​ကြ​သော​အ​ခါ သင်​တို့​ပိုင်​နက် နယ်​နိ​မိတ်​ကို​ဤ​သို့​သတ်​မှတ်​ရ​မည်။-

3. တောင်​ဘက်​နယ်​နိ​မိတ်​သည်​ဇိ​န​တော​ကန္တာ​ရ မှ ဧ​ဒုံ​ပြည်​နယ်​စပ်​တစ်​လျှောက်​ဖြစ်​၏။ ထို နယ်​နိ​မိတ်​သည် ပင်​လယ်​သေ​တောင်​ဘက်​စွန်း အ​ရှေ့​ဘက်​မှ​အ​စ​ပြု​ရ​မည်။-

4. ထို​မှ​တစ်​ဖန်​တောင်​ဘက်​သို့​လှည့်​၍​အာ​က ရဗ္ဗိန်​တောင်​ကြား​သို့​သွား​ပြီး​လျှင် ဇိ​န​တော ကန္တာ​ရ​ကို​ဖြတ်​လျက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ ဗာ​နာ​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ဟာ​ဇရဒ္ဒါ​သို့​လည်း​ကောင်း၊ တစ်​ဖန် အာ​ဇ​မုန်​သို့​လည်း​ကောင်း၊-

5. ထို​နောက်​ကွေ့​၍​အီ​ဂျစ်​ပြည်​နယ်​စပ်​ရှိ​ချိုင့် ဝှမ်း​သို့​လည်း​ကောင်း​သွား​ပြီး​လျှင် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​၌​အ​ဆုံး​သတ်​ရ​မည်။

6. ``အ​နောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ ပင်​လယ်​ကမ်း​ခြေ​ဖြစ်​ရ​မည်။

7. ``မြောက်​ဘက်​နယ်​နိ​မိတ်​သည် မြေ​ထဲ​ပင်​လယ် ကမ်း​ခြေ​မှ​ဟော​ရ​တောင်​သို့​လည်း​ကောင်း၊-

14-15. ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​အ​ရှေ့​ပိုင်း​မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​ကမ်း​ရှိ​နယ်​မြေ​ကို မိ​မိ တို့​၏​သား​ချင်း​စု​အ​လိုက်​ခွဲ​ဝေ​ကြ​ပြီး​ဖြစ် သည်'' ဟု​ဆို​လေ​၏။

တော​လည် 34