တော​လည် 33:5-51 Common Language Bible (BCL)

5. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ ထွက်​ခွာ​လာ​ကြ​ပြီး​နောက်​သု​ကုတ် စ​ခန်း​တွင်​ရပ်​နား​ကြ​၏။-

6. ထို​မှ​တစ်​ဆင့်​တော​ကန္တာ​ရ​အ​စွန်​ရှိ​ဧ​သံ စ​ခန်း​တွင်​ရပ်​နား​ကြ​၏။-

7. တစ်​ဖန်​သူ​တို့​သည်​ဗာ​လ​ဇေ​ဖုန်​စ​ခန်း အ​ရှေ့​ရှိ​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​သို့​ပြန်​လှည့် ကြ​ပြီး​လျှင် မိ​ဂ​ဒေါ​လ​စ​ခန်း​အ​နီး​၌ ရပ်​နား​ကြ​၏။-

8. သူ​တို့​သည်​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​မှ​ထွက်​လာ ၍ ပင်​လယ်​နီ​ကို​ဖြတ်​ကူး​ပြီး​လျှင်​ဧ​သံ တော​ကန္တာ​ရ​သို့​ရောက်​ကြ​၏။ သုံး​ရက်​ခ​ရီး သွား​ပြီး​နောက်​မာ​ရ​စ​ခန်း​၌​ရပ်​နား ကြ​၏။-

9. ထို​စ​ခန်း​မှ​ထွက်​လာ​ပြီး​နောက်​စမ်း​ရေ​တွင်း တစ်​ဆယ့်​နှစ်​တွင်း​နှင့် စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ် ရှိ​သော​ဧ​လိမ်​စ​ခန်း​သို့​ရောက်​လာ​ကြ​၏။

10. တစ်​ဖန်​သူ​တို့​သည်​ဧ​လိမ်​စ​ခန်း​မှ​ထွက် လာ​၍ ဆူး​အက်​ပင်​လယ်​ကွေ့​အ​နီး​တွင် စ​ခန်း​ချ​ကြ​၏။-

11. ထို​နောက်​သိန်​တော​ကန္တာ​ရ​သို့​ရောက်​လာ ကြ​၏။-

12. တစ်​ဖန်​ဒေါ​ဖ​ကာ​စ​ခန်း​၌​လည်း​ကောင်း၊-

13. ထို​မှ​တစ်​ဆင့်​အာ​လု​ရှ​စ​ခန်း​၌​လည်း ကောင်း​ရပ်​နား​ကြ​၏။-

14. တစ်​ဖန်​ခ​ရီး​ဆက်​ကြ​ရာ​လူ​တို့​အ​တွက် သောက်​ရေ​မ​ရှိ​သော​ရေ​ဖိ​ဒိမ်​စ​ခန်း​သို့ ရောက်​ကြ​၏။

40. ထို​အ​ချိန်​၌​ခါ​နာန်​ပြည်​တောင်​ပိုင်း​တွင် စိုး​စံ​သော​အာ​ရဒ်​ဘု​ရင်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ချီ​တက်​လာ​နေ​ကြောင်း ကြား​သိ​ရ​လေ​၏။

50. ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​အ​နီး ရှိ​မော​ဘ​လွင်​ပြင်​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊-

51. မိန့်​မှာ​တော်​မူ​သည်​ကား``သင်​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော အ​ခါ၊-

တော​လည် 33