တော​လည် 33:41-49-56 Common Language Bible (BCL)

5. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ ထွက်​ခွာ​လာ​ကြ​ပြီး​နောက်​သု​ကုတ် စ​ခန်း​တွင်​ရပ်​နား​ကြ​၏။-

6. ထို​မှ​တစ်​ဆင့်​တော​ကန္တာ​ရ​အ​စွန်​ရှိ​ဧ​သံ စ​ခန်း​တွင်​ရပ်​နား​ကြ​၏။-

7. တစ်​ဖန်​သူ​တို့​သည်​ဗာ​လ​ဇေ​ဖုန်​စ​ခန်း အ​ရှေ့​ရှိ​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​သို့​ပြန်​လှည့် ကြ​ပြီး​လျှင် မိ​ဂ​ဒေါ​လ​စ​ခန်း​အ​နီး​၌ ရပ်​နား​ကြ​၏။-

8. သူ​တို့​သည်​ပိ​ဟ​ဟိ​ရုတ်​စ​ခန်း​မှ​ထွက်​လာ ၍ ပင်​လယ်​နီ​ကို​ဖြတ်​ကူး​ပြီး​လျှင်​ဧ​သံ တော​ကန္တာ​ရ​သို့​ရောက်​ကြ​၏။ သုံး​ရက်​ခ​ရီး သွား​ပြီး​နောက်​မာ​ရ​စ​ခန်း​၌​ရပ်​နား ကြ​၏။-

9. ထို​စ​ခန်း​မှ​ထွက်​လာ​ပြီး​နောက်​စမ်း​ရေ​တွင်း တစ်​ဆယ့်​နှစ်​တွင်း​နှင့် စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ် ရှိ​သော​ဧ​လိမ်​စ​ခန်း​သို့​ရောက်​လာ​ကြ​၏။

41-49. ဟော​ရ​တောင်​မှ​မော​ဘ​လွင်​ပြင်​သို့​သွား သော​ခ​ရီး​လမ်း​တွင် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရပ်​နား​ခဲ့​သော​စ​ခန်း​များ​နာ​မည် စာ​ရင်း​မှာ​ဇာ​လ​မော​န၊ ပု​နုန်၊ သြ​ဗုတ်၊ မော​ဘ​ပြည်​ထဲ​ရှိ​ဣ​ဇာ​ဗာ​ရိမ်၊ ဒိ​ဗုန်​ဂဒ်၊ အာ​လ​မုန်​ဒိ ဗ​လ​သိမ်၊ နေ​ဗော​တောင်​အ​နီး ရှိ​အာ​ဗ​ရိမ်​တောင်၊ ဗက်​ယေ​ရှိ​မုတ်​နှင့်​အာ ကာ​ရှား​ချိုင့်​ဝှမ်း​အ​ကြား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင် ပြင်​တို့​ဖြစ်​သည်။

50. ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​အ​နီး ရှိ​မော​ဘ​လွင်​ပြင်​တွင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား၊-

51. မိန့်​မှာ​တော်​မူ​သည်​ကား``သင်​တို့​သည်​ယော်​ဒန် မြစ်​ကို​ကူး​၍ ခါ​နာန်​ပြည်​သို့​ဝင်​ရောက်​သော အ​ခါ၊-

52. ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​နှင် ထုတ်​ရ​မည်။ သူ​တို့​၏​ကျောက်​ရုပ်​ဘု​ရား၊ သတ္တု ရုပ်​ဘု​ရား​များ​နှင့်​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ရှိ​သ​မျှ​တို့​ကို​ဖျက်​ဆီး​ပစ်​ရ မည်။-

53. ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​ဖြင့် သင်​တို့​သည် ထို​ပြည်​ကို​သိမ်း​ပိုက်​၍​အ​ခြေ ချ​နေ​ထိုင်​ကြ​ရ​မည်။-

54. ဣ​သ​ရေ​လ​အ​နွယ်​များ​နှင့်​သား​ချင်း​စု အ​သီး​သီး​တို့​အား ထို​ပြည်​ကို​မဲ​ချ​၍​ခွဲ ဝေ​ပေး​ရ​မည်။ သား​ချင်း​စု​ဦး​ရေ​အ​နည်း အ​များ​အ​လိုက် မြေ​ကို​အ​ချိုး​ချ​ခွဲ​ဝေ ပေး​ရ​မည်။-

55. သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ကျန်​ရှိ​နေ​သော​သူ​တို့​သည်​ဆူး​ငြောင့် သ​ဖွယ်​ဖြစ်​၍​သင်​တို့​ကို​ရန်​မူ​ကြ​လိမ့်​မည်။-

56. သင်​တို့​သည်​ထို​ပြည်​သား​တို့​ကို​မ​နှင်​ထုတ် လျှင် ငါ​သည်​သူ​တို့​အား​ပေး​မည့်​ဒဏ်​ကို​သင် တို့​အ​ပေါ်​သို့​ကျ​ရောက်​စေ​မည်'' ဟူ​၍​ဖြစ် သည်။

တော​လည် 33