1. မောရှေနှင့်အာရုန်ခေါင်းဆောင်၍ဣသရေလ အမျိုးသားတို့သည် အီဂျစ်ပြည်မှအနွယ် အလိုက်ထွက်ခွာလာခဲ့ကြ၏။ သူတို့၏ ခရီးစဉ်ကိုဖော်ပြပေအံ့။-
2. ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည် သူတို့ရပ်နားရာစခန်းအဆင့် ဆင့်တို့၏နာမည်များကိုမှတ်သားထား လေသည်။
3. ဣသရေလအမျိုးသားတို့သည် ပထမဦး ဆုံးကျင်းပသောပသခါပွဲတော်လွန်ပြီး နောက်တစ်နေ့ဖြစ်သောပထမလတစ်ဆယ် ငါးရက်နေ့၌ အီဂျစ်ပြည်မှထွက်ခွာလာခဲ့ ကြ၏။ သူတို့သည်ထာဝရဘုရား၏အကာ အကွယ်ဖြင့် အီဂျစ်အမျိုးသားတို့ရှေ့မှောက် တွင်ရာမသက်မြို့မှထွက်ခွာလာကြ၏။-
4. ထိုစဉ်အခါကအီဂျစ်အမျိုးသားတို့သည် ထာဝရဘုရားဒဏ်ခတ်ခြင်းခံရသော သားဦးများကိုမြှုပ်နှံလျက်နေကြ၏။ ထို သို့ဒဏ်ခတ်ခြင်းအားဖြင့်ထာဝရဘုရား သည် အီဂျစ်အမျိုးသားတို့၏ဘုရားများ ထက်တန်ခိုးကြီးကြောင်းပြတော်မူ၏။
5. ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ ထွက်ခွာလာကြပြီးနောက်သုကုတ် စခန်းတွင်ရပ်နားကြ၏။-
6. ထိုမှတစ်ဆင့်တောကန္တာရအစွန်ရှိဧသံ စခန်းတွင်ရပ်နားကြ၏။-
7. တစ်ဖန်သူတို့သည်ဗာလဇေဖုန်စခန်း အရှေ့ရှိပိဟဟိရုတ်စခန်းသို့ပြန်လှည့် ကြပြီးလျှင် မိဂဒေါလစခန်းအနီး၌ ရပ်နားကြ၏။-
8. သူတို့သည်ပိဟဟိရုတ်စခန်းမှထွက်လာ ၍ ပင်လယ်နီကိုဖြတ်ကူးပြီးလျှင်ဧသံ တောကန္တာရသို့ရောက်ကြ၏။ သုံးရက်ခရီး သွားပြီးနောက်မာရစခန်း၌ရပ်နား ကြ၏။-
9. ထိုစခန်းမှထွက်လာပြီးနောက်စမ်းရေတွင်း တစ်ဆယ့်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ် ရှိသောဧလိမ်စခန်းသို့ရောက်လာကြ၏။
10. တစ်ဖန်သူတို့သည်ဧလိမ်စခန်းမှထွက် လာ၍ ဆူးအက်ပင်လယ်ကွေ့အနီးတွင် စခန်းချကြ၏။-
11. ထိုနောက်သိန်တောကန္တာရသို့ရောက်လာ ကြ၏။-