တော​လည် 32:9-14 Common Language Bible (BCL)

9. သူ​တို့​သည်​ဧ​ရှကော​လ​ချိုင့်​ဝှမ်း​သို့​တိုင်​အောင် သွား​ရောက်​ခဲ့​ကြ​၍ ထို​ပြည်​ကို​တွေ့​မြင်​ပြီး နောက်​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ပြည်​သို့​မ​သွား​ရန်​လူ​တို့​ကို​တိုက်​တွန်း ကြ​၏။-

10. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ထွက်​၍၊-

11. `သူ​တို့​သည်​ငါ့​ကို​သစ္စာ​ဖောက်​ကြ​သ​ဖြင့် အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​သူ​တို့​တွင် အ​သက်​နှစ်​ဆယ်​အ​ရွယ်​နှင့်​အ​ထက်​ရှိ သော​မည်​သည့်​ယောကျာ်း​မျှ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ငါ​ပေး​မည်​ဟု​က​တိ​ထား သော​ပြည်​သို့​မ​ဝင်​ရ' ဟု​ကျိန်​ဆို​၍​မိန့် တော်​မူ​ခဲ့​၏။-

12. ထို​သို့​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​တွင် ကေ​နတ်​အ​မျိုး​သား​ယေ​ဖုန္နာ​၏​သား ကာ လက်​နှင့်​နုန်​၏​သား​ယော​ရှု​တို့​မ​ပါ​ဝင် ချေ။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​သစ္စာ တော်​ကို​စောင့်​သူ​များ​ဖြစ်​ပေ​သည်။-

13. ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အ​မျက်​ထွက်​သ​ဖြင့် မိ​မိ​အ​လို ကို​ဆန့်​ကျင်​သော​အ​မျိုး​ဆက်​တို့​သေ​ဆုံး ကုန်​ကြ​သည်​အ​ထိ​သူ​တို့​ကို​တော​ကန္တာ​ရ ၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး​လှည့်​လည်​နေ စေ​တော်​မူ​၏။-

14. ဘိုး​ဘေး​တို့​၏​ဒု​စ​ရိုက်​မျိုး​ကို​ကူး​လွန် သော​အား​ဖြင့် ယ​ခု​သင်​တို့​သည်​ဒု​စ​ရိုက် ပြု​သော​မျိုး​ဆက်​သစ်​ဖြစ်​လာ​ကြ​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘုရား​၏​ပြင်း ထန်​သော​အ​မျက်​တော်​ကို ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပေါ်​သို့​တစ်​ဖန်​ကျ ရောက်​စေ​ရန်​ပြု​ကျင့်​နေ​ကြ​ပါ​သည် တ​ကား။-

တော​လည် 32