5. သို့ဖြစ်၍ဤဒေသတွင်အကျွန်ုပ်တို့နေ ထိုင်ရန်အပိုင်ပေးသနားပါ။ အကျွန်ုပ်တို့ အားယော်ဒန်မြစ်တစ်ဖက်သို့ကူး၍မနေ ထိုင်စေပါနှင့်'' ဟုလျှောက်ထားကြ၏။
6. ထိုအခါမောရှေက``သင်တို့၏သားချင်းများ စစ်ချီတိုက်ခိုက်နေစဉ် သင်တို့သည်ဤအရပ် တွင်နေထိုင်ကြပါသလော။-
7. ဣသရေလအမျိုးသားတို့သည်ယော်ဒန် မြစ်ကိုကူး၍ ထာဝရဘုရားပေးသနား တော်မူသောပြည်သို့ဝင်ရောက်ရေးတွင် သင် တို့သည်အဘယ်ကြောင့်သူတို့ကိုစိတ် ပျက်အားလျော့စေကြသနည်း။-