19. ယော်ဒန်မြစ်အရှေ့ဘက်တွင်အကျွန်ုပ်တို့ အားနယ်မြေဝေစုပေးထားပြီးဖြစ်သဖြင့် အနောက်ဘက်ကမ်းတွင်နယ်မြေဝေစုကို ထပ်မံ၍မတောင်းဆိုပါ'' ဟူ၍လျှောက် ထားကြ၏။
20. ထိုအခါမောရှေက``သင်တို့ကတိတည် မည်ဆိုလျှင် ထာဝရဘုရားရှေ့တော်၌ စစ်ချီတိုက်ရန်အသင့်ပြင်လော့။-
21. သင်တို့၏တပ်သားအပေါင်းတို့သည်ယော်ဒန် မြစ်ကိုဖြတ်ကူးပြီးလျှင် ထာဝရဘုရား၏ အမိန့်ကိုနာခံလျက် ငါတို့၏ရန်သူများကို တိုက်ခိုက်ချေမှုန်း၍၊-
22. တိုင်းပြည်ကိုသိမ်းပိုက်ရမည်။ ထိုနောက်သင် တို့သည်ထာဝရဘုရားနှင့်အမျိုးသား ချင်းတို့အတွက် တာဝန်ကျေပွန်ပြီဖြစ်၍ ဤအရပ်သို့ပြန်လာနိုင်သည်။ ထိုအခါ ထာဝရဘုရားသည်ယော်ဒန်မြစ်အရှေ့ ဘက်ရှိ ဤပြည်သည်သင်တို့ဝေစုဖြစ် ကြောင်းသိမှတ်တော်မူလိမ့်မည်။-
23. သို့ရာတွင်သင်တို့သည်ကတိမတည်လျှင် ထာဝရဘုရားအားပြစ်မှားရာရောက်လိမ့် မည်။ ထိုအခါသင်တို့သည်အပြစ်ဒဏ်ကို မုချခံကြရမည်။-
24. သင်တို့မြို့များနှင့်သိုးခြံများကိုတည် ဆောက်ကြလော့။ သို့ရာတွင်သင်တို့ကတိ ကိုမဖျက်ကြနှင့်'' ဟုသတိပေးလေ၏။
25. ထိုအခါဂဒ်အနွယ်ဝင်နှင့်ရုဗင်အနွယ် ဝင်တို့က``ကိုယ်တော်မိန့်မှာသည်အတိုင်း အကျွန်ုပ်ဆောင်ရွက်ပါမည်။-