တော​လည် 32:1-6 Common Language Bible (BCL)

1. ရု​ဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့​တွင် သိုး​နွား တိ​ရစ္ဆာန်​မြောက်​မြား​စွာ​ရှိ​ကြ​၏။ ယာ​ဇာ ပြည်​နှင့်​ဂိ​လဒ်​ပြည်​တွင်​စား​ကျက်​ကောင်း များ​ရှိ​ကြောင်း​သိ​ရှိ​ရ​သော​အ​ခါ၊-

2. သူ​တို့​သည်​မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ ခေါင်း​ဆောင်​တို့​ထံ​သို့​သွား​၍၊-

3-4. ``ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ဖြင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​ရ​ရှိ​သော အ​တ ရုတ်​မြို့၊ ဒိ​ဘုန်​မြို့၊ ယာ​ဇာ​မြို့၊ နိ​မ​ရ​မြို့၊ ဟေ​ရှ ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ရှေ​ဘံ​မြို့၊ နေ​ဗော​မြို့​နှင့် ဗော​န​မြို့​များ​တည်​ရှိ​ရာ​ဒေ​သ​တွင်​စား​ကျက် ကောင်း​များ​ရှိ​ပါ​သည်။ အ​ကျွန်ုပ်​တို့​တွင်​သိုး နွား​တိ​ရစ္ဆာန်​များ​စွာ​ရှိ​ပါ​သည်။-

5. သို့​ဖြစ်​၍​ဤ​ဒေ​သ​တွင်​အ​ကျွန်ုပ်​တို့​နေ ထိုင်​ရန်​အ​ပိုင်​ပေး​သနား​ပါ။ အ​ကျွန်ုပ်​တို့ အား​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​၍​မ​နေ ထိုင်​စေ​ပါ​နှင့်'' ဟု​လျှောက်​ထား​ကြ​၏။

6. ထို​အ​ခါ​မော​ရှေ​က``သင်​တို့​၏​သား​ချင်း​များ စစ်​ချီ​တိုက်​ခိုက်​နေ​စဉ် သင်​တို့​သည်​ဤ​အ​ရပ် တွင်​နေ​ထိုင်​ကြ​ပါ​သ​လော။-

တော​လည် 32