8. မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
9. ဣသရေလအမျိုးသားတို့သည် မိဒျန် အမျိုးသမီးနှင့် ကလေးများကိုသုံ့ပန်း အဖြစ်ဖမ်းဆီး၍သူတို့၏သိုး၊ နွား တိရစ္ဆာန်တို့နှင့်တကွပစ္စည်းဥစ္စာရှိသမျှ ကိုသိမ်းယူလေ၏။-
10. သူတို့၏မြို့နှင့်စခန်းရှိသမျှတို့ကို လည်းမီးရှို့ဖျက်ဆီးပစ်ကြ၏။-
11. သူတို့သည်သိမ်းယူရရှိသမျှသောဥစ္စာ ပစ္စည်း၊ သုံ့ပန်းနှင့်တိရစ္ဆာန်တို့ကို၊-
12. ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နားရှိ မောဘလွင်ပြင်တွင် စခန်းချလျက်ရှိသော မောရှေ၊ ဧလာဇာနှင့်ဣသရေလအမျိုး သားတို့ထံယူဆောင်ခဲ့ကြလေသည်။
13. မောရှေ၊ ဧလာဇာနှင့်ဣသရေလခေါင်း ဆောင်အပေါင်းတို့သည် စခန်းအပြင်သို့ ထွက်၍တပ်သားများကိုဆီးကြိုကြ၏။-
14. သို့ရာတွင်မောရှေသည်တိုက်ပွဲပြန်တပ် ရင်းမှူး၊ တပ်ခွဲမှူးစသောအရာရှိတို့ ကိုအမျက်ထွက်၍၊-
15. ``သင်တို့သည်အဘယ်ကြောင့်အမျိုးသမီး အားလုံးကို အသက်ချမ်းသာစေကြသနည်း။-
16. ဤအမျိုးသမီးများသည်ဗာလမ်၏အကြံ ပေးချက်အရပေဂုရအရပ်တွင် ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကိုသစ္စာ ဖောက်စေခဲ့ကြောင်းသတိရကြလော့။ ထို အပြစ်ကြောင့်ထာဝရဘုရား၏လူစု တွင်ကပ်ရောဂါကျရောက်ခဲ့၏။-
17. သို့ဖြစ်၍ယောကျာ်းကလေးများနှင့် ယောကျာ်း နှင့်ဆက်ဆံဖူးသောမိန်းမရှိသမျှတို့ ကိုသတ်လော့။-
18. မိန်းကလေးများနှင့်အပျိုကညာများကို သင်တို့အသက်ချမ်းသာပေးကြလော့။-
19. သင်တို့တွင်လူအသက်ကိုသတ်ခဲ့သူနှင့် လူသေကောင်ကို ကိုင်တွယ်မိခဲ့သူအပေါင်း တို့သည်စခန်းအပြင်ဘက်တွင်ခုနစ်ရက် နေထိုင်ရကြမည်။ တတိယနေ့နှင့်သတ္တမ နေ့ရက်များ၌ သင်တို့နှင့်သင်တို့ဖမ်းဆီး ခဲ့သောအမျိုးသမီးများအတွက် သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
20. သင်တို့၏အဝတ်အင်္ကျီများနှင့်သားရေ၊ ဆိတ်မွေးသို့မဟုတ်သစ်သားဖြင့်ပြုလုပ် သောပစ္စည်းရှိသမျှတို့ကိုလည်းသန့်စင် စေရမည်'' ဟုဆို၏။
21. ယဇ်ပုရောဟိတ်ဧလာဇာကလည်းတိုက်ပွဲပြန် စစ်သည်တို့အား``ထာဝရဘုရားကမောရှေ အားမိန့်ကြားတော်မူသောပညတ်များမှာ၊-