41. သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း မောရှေသည်ထာဝရဘုရားအား ဆက်သရန် အထူးလှူဖွယ်အဖြစ်ဝေစုကို ဧလာဇာအားပေးအပ်လေသည်။
42-46. ဣသရေလအမျိုးသားတို့အတွက်ဝေစု သည်လည်း စစ်သည်တို့အတွက် ဝေစုအတိုင်း သိုးနှင့်ဆိတ်ကောင်ရေသုံးသိန်းသုံးသောင်း ခုနစ်ထောင့်ငါးရာ၊ နွားကောင်ရေသုံးသောင်း ခြောက်ထောင်၊ မြည်းကောင်ရေသုံးသောင်းငါး ရာနှင့်အပျိုကညာဦးရေတစ်သောင်းခြောက် ထောင်ယောက်ဖြစ်သည်။-
47. မောရှေသည်ထိုဝေစုထဲမှသုံ့ပန်းနှင့်တိရစ္ဆာန် တို့ကို ငါးဆယ်ချိုးတစ်ချိုးကျနုတ်ယူ၍ ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်း တဲတော်ကို တာဝန်ယူစောင့်ထိန်းရသောလေဝိအမျိုးသား တို့အားပေးအပ်လေသည်။
48-49. ထိုနောက်တပ်မှူးတို့သည် မောရှေထံသို့လာ ရောက်၍``အကျွန်ုပ်တို့၏လက်အောက်ရှိစစ်သည် များကိုရေတွက်ရာ တစ်ယောက်မျှပျောက်ဆုံး ခြင်းမရှိကြောင်းတွေ့ရပါသည်။-
50. သို့ဖြစ်၍အကျွန်ုပ်တို့အသီးသီးသိမ်းယူ ရရှိသောရွှေတန်ဆာ၊ လက်ကောက်၊ ဘယက်၊ လက်စွပ်၊ နားဆွဲနှင့်လည်ဆွဲတို့ကိုကိုယ်တော် ထံသို့ယူဆောင်ခဲ့ကြပါသည်။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၏အသက်ကိုချမ်း သာပေးသောကြောင့် ထိုလက်ဝတ်တန်ဆာများ ကိုဆက်သပါသည်'' ဟုအစီရင်ခံကြ၏။-
51. မောရှေနှင့်ဧလာဇာတို့သည်ရွှေလက်ဝတ် တန်ဆာများကိုလက်ခံလေသည်။-
52. တပ်မှူးများဆက်သသောလက်ဝတ်တန် ဆာအလေးချိန်မှာပေါင်လေးရာကျော် ရှိသည်။-
53. ရိုးရိုးတပ်သားတို့သည်မိမိတို့ရရှိသော ပစ္စည်းများကို ကိုယ်ပိုင်အတွက်သိမ်းဆည်း ထားကြ၏။-
54. ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့ကို ကာကွယ်စောင့်ရှောက်တော်မူအံ့ သောငှာ မောရှေနှင့်ဧလာဇာတို့သည်ရွှေများ ကိုတဲတော်သို့ယူဆောင်သွားကြလေသည်။