27. ထိုပစ္စည်းများကိုထက်ဝက်စီအညီအမျှ ခွဲပြီးလျှင် တစ်ဝက်ကိုစစ်သည်တို့အားပေး ၍ တစ်ဝက်ကိုကျန်သောဣသရေလအမျိုး သားတို့အားပေးရမည်။-
28. စစ်သည်တို့အတွက်ဝေစုထဲမှသုံ့ပန်းငါးရာ လျှင် တစ်ယောက်ကျဖြင့်လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်းထိုအချိုးကျဖြင့် လည်းကောင်း ထာဝရဘုရားအတွက်အခွန် အဖြစ်သီးသန့်ထားရမည်။-
29. ထာဝရဘုရားအားဆက်သရန်အထူးလှူဖွယ် အဖြစ် ထိုဝေစုကိုယဇ်ပုရောဟိတ်ဧလာဇာ အားပေးအပ်ရမည်။-
30. ဣသရေလအမျိုးသားတို့အတွက်ဝေစုထဲ မှ သုံ့ပန်းငါးဆယ်လျှင်တစ်ယောက်ကျဖြင့် လည်းကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်တို့ကိုလည်း ထိုအချိုးကျဖြင့်လည်းကောင်းနုတ်ယူ၍ ထာဝရဘုရား၏တဲတော်ကိုတာဝန်ယူ စောင့်ထိန်းရသောလေဝိအမျိုးသားတို့ အားပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။-
31. မောရှေနှင့်ဧလာဇာတို့သည် ထာဝရ ဘုရားမိန့်တော်မူသည်အတိုင်းဆောင်ရွက် ကြလေသည်။
32-35. စစ်သည်တို့ကိုယ်ပိုင်အတွက်သိမ်းထားသော ပစ္စည်းများအပြင် လက်ရသိမ်းဆည်းခဲ့သော တိရစ္ဆာန်နှင့်လူအရေအတွက်စာရင်းမှာ သိုး နှင့်ဆိတ်ကောင်ရေခြောက်သိန်းခုနစ်သောင်း ငါးထောင်၊ နွားကောင်ရေခုနစ်သောင်းနှစ်ထောင်၊ မြည်းကောင်ရေခြောက်သောင်းတစ်ထောင်နှင့် အပျိုကညာဦးရေသုံးသောင်းနှစ်ထောင် ယောက်ဖြစ်သည်။-
36-40. စစ်သည်တို့အတွက်ထက်ဝက်ဝေစုမှာ သိုး နှင့်ဆိတ်ကောင်ရေပေါင်းသုံးသိန်းသုံးသောင်း ခုနစ်ထောင့်ငါးရာဖြစ်၍ ၎င်းတို့အနက် ထာဝရဘုရားအတွက်အခွန်အဖြစ်ဆက် သရန်ကောင်ရေမှာ ခြောက်ရာ့ခုနစ်ဆယ့်ငါး ဖြစ်သည်။ စစ်သည်တို့အတွက်ဝေစုနွားကောင် ရေသုံးသောင်းခြောက်ထောင်ဖြစ်၍ ၎င်းတို့အနက် ထာဝရဘုရားအတွက်အခွန်အဖြစ်ဆက် သရန် ကောင်ရေမှာခုနစ်ဆယ့်နှစ်ကောင်ဖြစ် သည်။ စစ်သည်တို့အတွက်ဝေစုမှာမြည်း ကောင်ရေသုံးသောင်းငါးရာဖြစ်၍၎င်းတို့ အနက် ထာဝရဘုရားအတွက်အခွန် အဖြစ်ဆက်သရန်ကောင်ရေမှာခြောက်ဆယ့် တစ်ဖြစ်သည်။ စစ်သည်တို့အတွက်ဝေစု မှာအပျိုကညာတစ်သောင်းခြောက်ထောင် ယောက်ဖြစ်၍ ၎င်းတို့အနက်ထာဝရဘုရား အတွက်အခွန်အဖြစ်ဆက်သရန်အတွက် မှာသုံးဆယ့်နှစ်ယောက်ဖြစ်သည်။-
41. သို့ဖြစ်၍ထာဝရဘုရားမိန့်တော်မူသည် အတိုင်း မောရှေသည်ထာဝရဘုရားအား ဆက်သရန် အထူးလှူဖွယ်အဖြစ်ဝေစုကို ဧလာဇာအားပေးအပ်လေသည်။
42-46. ဣသရေလအမျိုးသားတို့အတွက်ဝေစု သည်လည်း စစ်သည်တို့အတွက် ဝေစုအတိုင်း သိုးနှင့်ဆိတ်ကောင်ရေသုံးသိန်းသုံးသောင်း ခုနစ်ထောင့်ငါးရာ၊ နွားကောင်ရေသုံးသောင်း ခြောက်ထောင်၊ မြည်းကောင်ရေသုံးသောင်းငါး ရာနှင့်အပျိုကညာဦးရေတစ်သောင်းခြောက် ထောင်ယောက်ဖြစ်သည်။-
47. မောရှေသည်ထိုဝေစုထဲမှသုံ့ပန်းနှင့်တိရစ္ဆာန် တို့ကို ငါးဆယ်ချိုးတစ်ချိုးကျနုတ်ယူ၍ ထာဝရ ဘုရားမိန့်မှာတော်မူသည်အတိုင်း တဲတော်ကို တာဝန်ယူစောင့်ထိန်းရသောလေဝိအမျိုးသား တို့အားပေးအပ်လေသည်။
48-49. ထိုနောက်တပ်မှူးတို့သည် မောရှေထံသို့လာ ရောက်၍``အကျွန်ုပ်တို့၏လက်အောက်ရှိစစ်သည် များကိုရေတွက်ရာ တစ်ယောက်မျှပျောက်ဆုံး ခြင်းမရှိကြောင်းတွေ့ရပါသည်။-