တော​လည် 31:22-23-29 Common Language Bible (BCL)

3. ထို့​ကြောင့်​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ပြစ်​မှား​ကြ​သော​ကြောင့် သူ​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​ရန်​အ​သင့်​ပြင်​ကြ​လော့။-

4. စစ်​ချီ​တက်​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​အ​နွယ် များ​မှ တစ်​နွယ်​လျှင်​လူ​တစ်​ထောင်​ကျ​စေ လွှတ်​လော့'' ဟု​ဆို​၏။

5. သို့​ဖြစ်​၍​စစ်​ချီ​ရန်​ဣ​သ​ရေ​လ​အ​နွယ်​များ မှ​လူ​တစ်​ထောင်​ကျ​စီ​ဖြင့် လူ​ပေါင်း​တစ်​သောင်း နှစ်​ထောင်​ကို​ရွေး​ချယ်​ကြ​လေ​သည်။-

6. ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ ဇာ​၏​သား ဖိ​န​ဟတ်​အား​ဣ​သ​ရေ​လ​တပ်​ကို အုပ်​ချုပ်​ကွပ်​ကဲ​စေ​၏။ သူ​နှင့်​အ​တူ​တဲ​တော် နှင့်​ဆိုင်​သော​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​နှင့် အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​များ​ကို​ယူ​ဆောင် သွား​၏။-

7. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း သူ​တို့​သည်​မိ​ဒျန်​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ရာ၊-

8. မိ​ဒျန်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​ဧ​ဝိ၊ ရေ ကင်၊ ဇု​ရ၊ ဟု​ရ​နှင့်​ရေ​ဘ​တို့​အ​ပါ​အ​ဝင် ယောကျာ်း​အား​လုံး​ကို သတ်​ဖြတ်​သုတ်​သင်​ခဲ့ ကြ​လေ​သည်။ ဗော​ရ​၏​သား​ဗာ​လမ်​ကို လည်း​သတ်​ခဲ့​ကြ​၏။

9. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သမီး​နှင့် က​လေး​များ​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​၍​သူ​တို့​၏​သိုး၊ နွား တိ​ရစ္ဆာန်​တို့​နှင့်​တ​ကွ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ ကို​သိမ်း​ယူ​လေ​၏။-

22-23. ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သံ​ဖြူ၊ ခဲ​အ​စ​ရှိ​သည့်​မီး မ​လောင်​ကျွမ်း​နိုင်​သော​သတ္တု​ပစ္စည်း​ရှိ​သ​မျှ အား​မီး​ကို​ဖြတ်​သန်း​စေ​ခြင်း​ဖြင့်​သန့်​စင်​စေ ရ​မည်။ အ​ခြား​သံ​ဝတ္ထု​ပစ္စည်း​များ​ကို​သန့်​စင် ခြင်း​ဝတ်​ပြု​ရာ​ရေ​ဖြင့်​သန့်​စင်​စေ​ရ​မည်။-

24. သတ္တ​မ​နေ့​တွင်​သင်​တို့​၏​အ​ဝတ်​အ​င်္ကျီ များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​နောက်​သင်​တို့ သည်​သန့်​စင်​ပြီ​ဖြစ်​သ​ဖြင့် စ​ခန်း​အ​တွင်း သို့​ပြန်​လည်​ဝင်​ရောက်​နိုင်​သည်​ဟူ​၍​ဖြစ် သည်'' ဟု​ဆို​လေ​၏။

25. ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊

26. ``သင်​နှင့်​ဧ​လာ​ဇာ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​များ​အ​ပါ​အ​ဝင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို​ရေ​တွက်​ရ​မည်။-

27. ထို​ပစ္စည်း​များ​ကို​ထက်​ဝက်​စီ​အ​ညီ​အ​မျှ ခွဲ​ပြီး​လျှင် တစ်​ဝက်​ကို​စစ်​သည်​တို့​အား​ပေး ၍ တစ်​ဝက်​ကို​ကျန်​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပေး​ရ​မည်။-

28. စစ်​သည်​တို့​အ​တွက်​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​ငါး​ရာ လျှင် တစ်​ယောက်​ကျ​ဖြင့်​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း​ထို​အ​ချိုး​ကျ​ဖြင့် လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-

29. ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​ရန်​အ​ထူး​လှူ​ဖွယ် အ​ဖြစ် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ အား​ပေး​အပ်​ရ​မည်။-

တော​လည် 31