18. မိန်းကလေးများနှင့်အပျိုကညာများကို သင်တို့အသက်ချမ်းသာပေးကြလော့။-
19. သင်တို့တွင်လူအသက်ကိုသတ်ခဲ့သူနှင့် လူသေကောင်ကို ကိုင်တွယ်မိခဲ့သူအပေါင်း တို့သည်စခန်းအပြင်ဘက်တွင်ခုနစ်ရက် နေထိုင်ရကြမည်။ တတိယနေ့နှင့်သတ္တမ နေ့ရက်များ၌ သင်တို့နှင့်သင်တို့ဖမ်းဆီး ခဲ့သောအမျိုးသမီးများအတွက် သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
20. သင်တို့၏အဝတ်အင်္ကျီများနှင့်သားရေ၊ ဆိတ်မွေးသို့မဟုတ်သစ်သားဖြင့်ပြုလုပ် သောပစ္စည်းရှိသမျှတို့ကိုလည်းသန့်စင် စေရမည်'' ဟုဆို၏။
21. ယဇ်ပုရောဟိတ်ဧလာဇာကလည်းတိုက်ပွဲပြန် စစ်သည်တို့အား``ထာဝရဘုရားကမောရှေ အားမိန့်ကြားတော်မူသောပညတ်များမှာ၊-
22-23. ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သံဖြူ၊ ခဲအစရှိသည့်မီး မလောင်ကျွမ်းနိုင်သောသတ္တုပစ္စည်းရှိသမျှ အားမီးကိုဖြတ်သန်းစေခြင်းဖြင့်သန့်စင်စေ ရမည်။ အခြားသံဝတ္ထုပစ္စည်းများကိုသန့်စင် ခြင်းဝတ်ပြုရာရေဖြင့်သန့်စင်စေရမည်။-
24. သတ္တမနေ့တွင်သင်တို့၏အဝတ်အင်္ကျီ များကိုဖွပ်လျှော်ရမည်။ ထိုနောက်သင်တို့ သည်သန့်စင်ပြီဖြစ်သဖြင့် စခန်းအတွင်း သို့ပြန်လည်ဝင်ရောက်နိုင်သည်ဟူ၍ဖြစ် သည်'' ဟုဆိုလေ၏။
25. ထာဝရဘုရားသည်မောရှေအား၊
26. ``သင်နှင့်ဧလာဇာတို့သည်ဣသရေလ အမျိုးသားအကြီးအကဲတို့နှင့်အတူ သုံ့ပန်းနှင့်တိရစ္ဆာန်များအပါအဝင် လက်ရသိမ်းဆည်းခဲ့သောပစ္စည်းရှိသမျှ ကိုရေတွက်ရမည်။-
27. ထိုပစ္စည်းများကိုထက်ဝက်စီအညီအမျှ ခွဲပြီးလျှင် တစ်ဝက်ကိုစစ်သည်တို့အားပေး ၍ တစ်ဝက်ကိုကျန်သောဣသရေလအမျိုး သားတို့အားပေးရမည်။-