37. သူတို့သည်တဲတော်ဝင်းရှိတိုင်များ၊ အောက်ခံ ခုံများ၊ ကြက်ဆူးများ၊ ကြိုးများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။
38. မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-
39. ထာဝရဘုရားမိန့်တော်မူသည်အတိုင်း မောရှေသည်အသက်တစ်လသားအရွယ် နှင့်အထက်ရှိလေဝိအနွယ်ဝင်ယောကျာ်း တို့ကိုသားချင်းစုအလိုက်စာရင်းကောက် ယူရာ လူဦးရေစုစုပေါင်းနှစ်သောင်းနှစ် ထောင်ရရှိလေသည်။
40-41. ထာဝရဘုရားကမောရှေအား``ဣသရေလ အမျိုးသားတို့၏သားဦးရှိသမျှတို့သည် ငါနှင့်ဆိုင်၏။ သို့ဖြစ်၍အသက်တစ်လသား အရွယ်နှင့်အထက်ရှိသားဦးအားလုံးတို့ ၏နာမည်စာရင်းကိုကောက်ယူလော့။ သို့ရာ တွင်ထိုသူတို့ကိုငါပိုင်ဆိုင်ရာအဖြစ်ရွေး ချယ်မည့်အစားလေဝိအနွယ်ဝင်အပေါင်း တို့ကိုရွေးချယ်၏။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။ ထို့အပြင်သိုးနွားတိရစ္ဆာန် သားဦးပေါက်အားလုံးကိုငါပိုင်ဆိုင်ရာ အဖြစ်ရွေးချယ်မည့်အစားငါသည်လေဝိ အနွယ်ဝင်တို့၏သိုးနွားတိရစ္ဆာန်တို့ကို ငါရွေးချယ်၏'' ဟုမိန့်တော်မူ၏။-
42. မောရှေသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း၊-
43. အသက်တစ်လသားအရွယ်နှင့်အထက်ရှိ ဣသရေလအမျိုးသားတို့၏သားဦးများ ကိုစာရင်းကောက်ယူရာစုစုပေါင်းနှစ်သောင်း နှစ်ထောင့်နှစ်ရာခုနစ်ဆယ့်သုံးယောက်ရှိ၏။
44. တစ်ဖန်ထာဝရဘုရားကမောရှေအား၊-
45. ``ယခုဣသရေလအမျိုးသားတို့၏သား ဦးအပေါင်းတို့အစားလေဝိအမျိုးသား တို့ကိုငါ့အားဆက်ကပ်လော့။ လေဝိအမျိုး သားတို့၏သိုးနွားတိရစ္ဆာန်သားဦးပေါက် တို့ကိုလည်းဣသရေလအမျိုးသားတို့ ၏သိုးနွားတိရစ္ဆာန်သားဦးပေါက်တို့အစား ငါ့အားဆက်ကပ်လော့။-
46. ဣသရေလအမျိုးသားတို့၏သားဦး အရေအတွက်သည်လေဝိအမျိုးသားဦး ရေထက်နှစ်ရာခုနစ်ဆယ့်သုံးယောက်ပိုသော ကြောင့်ပိုများသောဦးရေကိုရွေးယူရမည်။-
47. တစ်ဦးလျှင်တရားဝင်ချင်တွယ်နည်းအရ ငွေသားငါးကျပ်ဖြင့်ရွေးယူရမည်။-
48. ထိုငွေကိုအာရုန်နှင့်သူ၏သားတို့လက်သို့ ပေးအပ်ရမည်'' ဟုမိန့်တော်မူ၏။-
49. မောရှေသည်ထာဝရဘုရားမိန့်တော်မူသည် အတိုင်းရရှိသော၊-