30. သူတို့၏ခေါင်းဆောင်မှာသြဇေလ၏သား ဧလိဇာဖန်ဖြစ်သည်။-
31. သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
32. လေဝိအမျိုးသားတို့၏အကြီးအကဲမှာ ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ ဖြစ်သည်။ သူသည်သန့်ရှင်းရာဌာနတော် တွင်တာဝန်ကျသူတို့အားကြီးကြပ် ကွပ်ကဲရသည်။
33. မေရာရိ၏သားချင်းစုတွင်မဟာလိ မိသားစုနှင့်မုရှိမိသားစုပါဝင်၍၊-
34. အသက်တစ်လသားအရွယ်နှင့်အထက် ရှိသူယောကျာ်းဦးရေစုစုပေါင်းမှာ ခြောက်ထောင့်နှစ်ရာဖြစ်သည်။-
35. ယင်းသားချင်းစုသည်တဲတော်၏မြောက်ဘက် မျက်နှာတွင်စခန်းချရမည်။ သူတို့၏ခေါင်း ဆောင်မှာအဘိဟဲလ၏သားဇုရေလ ဖြစ်သည်။-
36. သူတို့သည်တဲတော်ဘောင်များ၊ တန်းများ၊ တိုင်များ၊ အောက်ခံခုံများနှင့်ယင်းတို့နှင့် စပ်လျက်ရှိသောတန်ဆာများတို့ကိုထိန်း သိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူ တို့သည်အထက်ပါပစ္စည်းများကိုထိန်းသိမ်း စောင့်ရှောက်ရကြသည်။-
37. သူတို့သည်တဲတော်ဝင်းရှိတိုင်များ၊ အောက်ခံ ခုံများ၊ ကြက်ဆူးများ၊ ကြိုးများကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။
38. မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-