27. ကောဟတ်၏သားချင်းစုတွင်အာမရံမိသားစု၊ ဣဇဟာမိသားစု၊ ဟေဗြုန်မိသားစု၊ သြဇေလ မိသားစုတို့ပါဝင်၍၊-
28. အသက်တစ်လသားအရွယ်နှင့်အထက်ရှိ သူယောကျာ်းဦးရေ စုစုပေါင်းမှာရှစ်ထောင့် ခြောက်ရာဖြစ်သည်။-
29. ယင်းသားချင်းစုသည်တဲတော်၏တောင်ဘက် မျက်နှာတွင်စခန်းချရမည်။-
30. သူတို့၏ခေါင်းဆောင်မှာသြဇေလ၏သား ဧလိဇာဖန်ဖြစ်သည်။-
31. သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
32. လေဝိအမျိုးသားတို့၏အကြီးအကဲမှာ ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ ဖြစ်သည်။ သူသည်သန့်ရှင်းရာဌာနတော် တွင်တာဝန်ကျသူတို့အားကြီးကြပ် ကွပ်ကဲရသည်။
33. မေရာရိ၏သားချင်းစုတွင်မဟာလိ မိသားစုနှင့်မုရှိမိသားစုပါဝင်၍၊-
34. အသက်တစ်လသားအရွယ်နှင့်အထက် ရှိသူယောကျာ်းဦးရေစုစုပေါင်းမှာ ခြောက်ထောင့်နှစ်ရာဖြစ်သည်။-
35. ယင်းသားချင်းစုသည်တဲတော်၏မြောက်ဘက် မျက်နှာတွင်စခန်းချရမည်။ သူတို့၏ခေါင်း ဆောင်မှာအဘိဟဲလ၏သားဇုရေလ ဖြစ်သည်။-