21. ဂေရရှုန်၏သားချင်းစုတွင်လိဗနိ၏ မိသားစုနှင့်ရှိမိ၏မိသားစုတို့ပါဝင်၍၊-
22. အသက်တစ်လသားအရွယ်နှင့်အထက်ရှိသူ ယောကျာ်းဦးရေစုစုပေါင်းမှာခုနစ်ထောင့်ငါး ရာဖြစ်သည်။-
23. ယင်းသားချင်းစုသည်တဲတော်၏အနောက် ဘက်မျက်နှာတွင်စခန်းချရမည်။-
24. သူတို့၏ခေါင်းဆောင်မှာလေလ၏သားဧလျာ သပ်ဖြစ်သည်။-
25. သူတို့သည်တဲတော်နှင့်ဆိုင်သောအတွင်းအမိုး၊ အပြင်အမိုး၊ တံခါးဝရှိကန့်လန့်ကာ၊-
26. တဲတော်ဝင်းကိုကာရံထားသောကန့်လန့်ကာ များနှင့်တဲတော်ဝင်းတံခါးရှိကန့်လန့်ကာ ကိုထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကိုထိန်း သိမ်းစောင့်ရှောက်ရကြသည်။
27. ကောဟတ်၏သားချင်းစုတွင်အာမရံမိသားစု၊ ဣဇဟာမိသားစု၊ ဟေဗြုန်မိသားစု၊ သြဇေလ မိသားစုတို့ပါဝင်၍၊-
28. အသက်တစ်လသားအရွယ်နှင့်အထက်ရှိ သူယောကျာ်းဦးရေ စုစုပေါင်းမှာရှစ်ထောင့် ခြောက်ရာဖြစ်သည်။-
29. ယင်းသားချင်းစုသည်တဲတော်၏တောင်ဘက် မျက်နှာတွင်စခန်းချရမည်။-
30. သူတို့၏ခေါင်းဆောင်မှာသြဇေလ၏သား ဧလိဇာဖန်ဖြစ်သည်။-
31. သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။