1. ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မောရှေအားဗျာဒိတ်ပေးတော်မူသည့်အချိန် အခါ၌ အာရုန်နှင့်မောရှေတို့၏မိသားစု စာရင်းမှာဤသို့တည်း။-
2. အာရုန်တွင်သားဦးနာဒပ်၊ အဘိဟု၊ ဧလာ ဇာနှင့်ဣသမာဟူ၍သားလေးယောက် ရှိ၏။-
11-13. တစ်ဖန်ထာဝရဘုရားကမောရှေအား``လေဝိ အနွယ်ဝင်တို့ကိုငါပိုင်၏။ ငါသည်အီဂျစ် အမျိုးသားတို့၏သားဦးအားလုံးကိုသေ ဒဏ်ခတ်စဉ်အခါ ဣသရေလအမျိုးသား မိသားစုတိုင်းမှသားဦးနှင့်တိရစ္ဆာန်သား ဦးပေါက်တို့ကိုငါ့အတွက်ရွေးချယ်ခဲ့သည်။ ယခုဣသရေလအမျိုးသားတို့၏သားဦး အစားလေဝိအနွယ်ဝင်တို့ကိုငါ့အတွက် ရွေးယူပြီ။ သူတို့ကိုငါပိုင်၏။ ငါသည် ထာဝရဘုရားဖြစ်တော်မူသည်'' ဟု မိန့်တော်မူ၏။
17-20. လေဝိတွင်ဂေရရှုန်၊ ကောဟတ်၊ မေရာရိဟူ ၍သားသုံးယောက်ရှိ၏။ သူတို့သည်မိမိတို့ နာမည်ခံသားချင်းစုတို့၏ဘိုးဘေးများ ဖြစ်ကြသည်။ ဂေရရှုန်တွင်လိဗနိနှင့်ရှိမိ ဟူ၍သားနှစ်ယောက်၊ ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သား လေးယောက်၊ မေရာရိတွင်မဟာလိနှင့် မုရှိ ဟူ၍သားနှစ်ယောက်အသီးသီးရှိကြ၏။ သူတို့သည်မိမိတို့နာမည်ခံမိသားစု များ၏ဘိုးဘေးများဖြစ်ကြ၏။