1. ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မောရှေအားဗျာဒိတ်ပေးတော်မူသည့်အချိန် အခါ၌ အာရုန်နှင့်မောရှေတို့၏မိသားစု စာရင်းမှာဤသို့တည်း။-
2. အာရုန်တွင်သားဦးနာဒပ်၊ အဘိဟု၊ ဧလာ ဇာနှင့်ဣသမာဟူ၍သားလေးယောက် ရှိ၏။-
3. သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဘိသိက် ခံခဲ့၍ဆက်ကပ်ထားသူများဖြစ်ကြ၏။-
4. သို့ရာတွင်နာဒပ်နှင့်အဘိဟုတို့သည်သိနာ တောကန္တာရတွင်ထာဝရဘုရားအားမပူဇော် အပ်သောမီးဖြင့်ပူဇော်သောကြောင့်သေဆုံးခဲ့ ကြ၏။ သူတို့တွင်သားသမီးများမကျန်ရစ် ခဲ့ချေ။ ဧလာဇာနှင့်ဣသမာတို့သည်အာရုန် ၏လက်အောက်တွင်ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြရသည်။
5. ထာဝရဘုရားကမောရှေအား၊-
6. ``လေဝိအနွယ်ဝင်တို့ကိုဆင့်ခေါ်၍ယဇ်ပုရော ဟိတ်အာရုန်၏လက်အောက်တွင်အမှုတော်ဆောင် ရွက်စေလော့။-
7. သူတို့သည်ငါစံတော်မူရာတဲတော်နှင့်ဆိုင် သောအမှုကိုဆောင်ရွက်ရမည်။ ယဇ်ပုရော ဟိတ်များ၏ဝတ္တရားများနှင့်ဣသရေလ တစ်မျိုးသားလုံးနှင့်ဆိုင်သောဝတ္တရားများ ကိုဆောင်ရွက်ရမည်။-
8. သူတို့သည်တဲတော်နှင့်ဆိုင်သောပစ္စည်း အားလုံးကိုထိန်းသိမ်း၍ဣသရေလအမျိုး သားတို့အတွက်တဲတော်တွင်အမှုထမ်း ရမည်။-
9. လေဝိအနွယ်ဝင်တို့၏အဋ္ဌိကတာဝန် မှာအာရုန်နှင့် သူ၏သားတို့လက်အောက်၌ အမှုထမ်းခြင်းဖြစ်သည်။-
10. သင်သည်အာရုန်နှင့်သူ၏သားတို့အားယဇ် ပုရောဟိတ်၏ဝတ္တရားများကိုဆောင်ရွက်ခန့် ထားရမည်။ မဆိုင်သူကယဇ်ပုရောဟိတ် ဝတ္တရားများကိုဝင်ရောက်ဆောင်ရွက်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်'' ဟုမိန့် တော်မူ၏။
11-13. တစ်ဖန်ထာဝရဘုရားကမောရှေအား``လေဝိ အနွယ်ဝင်တို့ကိုငါပိုင်၏။ ငါသည်အီဂျစ် အမျိုးသားတို့၏သားဦးအားလုံးကိုသေ ဒဏ်ခတ်စဉ်အခါ ဣသရေလအမျိုးသား မိသားစုတိုင်းမှသားဦးနှင့်တိရစ္ဆာန်သား ဦးပေါက်တို့ကိုငါ့အတွက်ရွေးချယ်ခဲ့သည်။ ယခုဣသရေလအမျိုးသားတို့၏သားဦး အစားလေဝိအနွယ်ဝင်တို့ကိုငါ့အတွက် ရွေးယူပြီ။ သူတို့ကိုငါပိုင်၏။ ငါသည် ထာဝရဘုရားဖြစ်တော်မူသည်'' ဟု မိန့်တော်မူ၏။
14. ထာဝရဘုရားသည်သိနာတောကန္တာရတွင်၊-
15. လေဝိအနွယ်ဝင်ထဲမှတစ်လသားအရွယ် နှင့်အထက်ရှိသူတိုင်းကို သားချင်းစုနှင့် မိသားစုအလိုက်စာရင်းကောက်ရန်အမိန့် ရှိတော်မူသည့်အတိုင်း၊-