တော​လည် 29:20-29 Common Language Bible (BCL)

20. တ​တိ​ယ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော နွား​ထီး​ပျို​တစ်​ဆယ့်​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်​နှင့်​တစ်​နှစ်​သား​အ​ရွယ်​သိုး​ထီး​တစ် ဆယ့်​လေး​ကောင်​ကို​ပူ​ဇော်​ရ​မည်။-

21-22. ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။

23. စ​တုတ္ထ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို ဆယ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို​ပူ​ဇော် ရ​မည်။-

24-25. ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။

26. ပဉ္စ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ပျို ကိုး​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို ပူ​ဇော်​ရ​မည်။-

27-28. ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။

29. ဆ​ဋ္ဌ​မ​နေ့​တွင်​အ​ပြစ်​အ​နာ​ကင်း​သော​နွား ပျို​ရှစ်​ကောင်၊ သိုး​ထီး​နှစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​တစ်​ဆယ့်​လေး​ကောင်​ကို​ပူ​ဇော် ရ​မည်။-

တော​လည် 29