16. ထို့ပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤပူဇော် သကာများကိုနေ့စဉ်မီးရှို့ရာသကာနှင့် တကွဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ အပြင်ပူဇော်ရမည်။
17. ဒုတိယနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်နှစ်ကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့် လေးကောင်ကိုပူဇော်ရမည်။-
18-19. ထို့အပြင်ပထမနေ့တွင်ပူဇော်ရသည့် သကာများကိုလည်းပူဇော်ရမည်။
20. တတိယနေ့တွင်အပြစ်အနာကင်းသော နွားထီးပျိုတစ်ဆယ့်တစ်ကောင်၊ သိုးထီးနှစ် ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ် ဆယ့်လေးကောင်ကိုပူဇော်ရမည်။-
21-22. ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
23. စတုတ္ထနေ့တွင်အပြစ်အနာကင်းသောနွားပျို ဆယ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကိုပူဇော် ရမည်။-
24-25. ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။