6. ဤသကာသည်နေ့စဉ်အကုန်အစင်မီးရှို့ပူ ဇော်ရသောသကာဖြစ်၏။ ဤသကာသည်သိနာ တောင်ပေါ်တွင်ဦးစွာပူဇော်ခဲ့သောသကာဖြစ်၍ ယင်းရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။-
7. ပထမသိုးကလေးနှင့်အတူယဇ်ပလ္လင်တွင် စပျစ်ရည်နှစ်ပိုင့်ကိုလောင်း၍စပျစ်ရည် သကာအဖြစ်ဆက်သရမည်။-
8. ညနေတွင်ဒုတိယသိုးကလေးကိုပူဇော် သောအခါ၌လည်း နံနက်တွင်ပူဇော်ဆက်သ သည့်နည်းတူစပျစ်ရည်သကာပါလျက်ပူဇော် ရမည်။ ဤသကာသည်လည်းပူဇော်သကာဖြစ် ၍ ယင်း၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
9. ဥပုသ်နေ့တွင်အပြစ်အနာကင်းသောတစ် နှစ်သားအရွယ်သိုးထီးနှစ်ကောင်၊ သံလွင်ဆီ နှင့်ဂျုံမုန့်ညက်လေးပေါင်ကိုရောနယ်ထား သောဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ကို ပူဇော်ရမည်။-
10. နေ့စဉ်မီးရှို့ရာသကာနှင့်စပျစ်ရည်သကာ အပြင် ဤမီးရှို့ရာသကာကိုဥပုသ်နေ့ တိုင်းပူဇော်ရမည်။
11. လဆန်းတစ်ရက်နေ့တိုင်းထာဝရဘုရား အား အပြစ်အနာကင်းသောနွားထီးပျိုနှစ် ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ ပူဇော်ရမည်။-