တော​လည် 28:22-27 Common Language Bible (BCL)

22. အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ်​ထီး​တစ်​ကောင် ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​လူ တို့​အ​တွက်​သန့်​စင်​မှု​ကို​ဝတ်​ပြု​ရ​မည်။-

23. နံ​နက်​တိုင်း​မီး​ရှို့​ရာ​ယဇ်​အ​ပြင်​ဤ​ပူ​ဇော် သကာ​များ​ကို​ဆက်​သ​ရ​မည်။-

24. ဤ​နည်း​အ​တိုင်း​ခု​နစ်​ရက်​တိုင်​အောင်​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သကာ​ကို​ဆက်​သ​ရ​မည်။ ယင်း ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​စ​ပျစ်​ရည်​သကာ အ​ပြင် ဤ​သကာ​ကို​ဆက်​သ​ရ​မည်။-

25. သတ္တမ​နေ့​တွင်​စု​ဝေး​ဝတ်​ပြု​ရ​မည်။ ထို​နေ့ တွင်​အ​လုပ်​မ​လုပ်​ရ။

26. သင်​တို့​သည်​ကောက်​သိမ်း​ပွဲ​တော်​ပ​ထ​မ​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​အား​ကောက်​သစ်​ပူ​ဇော်​သည့် အ​ခါ​စု​ဝေး​ဝတ်​ပြု​ရ​ကြ​မည်။ ထို​နေ့​၌ အ​လုပ်​မ​လုပ်​ရ။-

27. သင်​တို့​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး ပျို​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​ဖွယ်​ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-

တော​လည် 28