တော​လည် 27:4-10 Common Language Bible (BCL)

4. သူ​၌​သား​ယောကျာ်း​မ​ထွန်း​ကား​သော​ကြောင့် သူ​၏​နာ​မည်​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ ပျောက်​ကွယ်​သွား​ရ​မည်​လော။ ကျွန်​မ​တို့​ဖ​ခင် ၏​ဆွေ​မျိုး​သား​ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး သ​ကဲ့​သို့ ကျွန်​မ​တို့​အား​ခွဲ​ဝေ​ပေး​ပါ'' ဟု​တောင်း​လျှောက်​ကြ​လေ​သည်။

5. ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​၏​တောင်း​ဆို ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တင်​လျှောက် ရာ၊-

6. ထာ​ဝ​ရ​ဘုရား​က၊

7. ``ဇ​လော​ဖဒ်​၏​သ​မီး​များ​တောင်း​ဆို​ချက်​သည် သင့်​လျော်​သ​ဖြင့်​သူ​တို့​ဖ​ခင်​၏​ဆွေ​မျိုး​သား ချင်း​တို့​အား​မြေ​ခွဲ​ဝေ​ပေး​သ​ကဲ့​သို့ သူ​တို့ အား​ခွဲ​ဝေ​ပေး​လော့။ သူ​တို့​ဖ​ခင်​၏​အ​မွေ ကို​သူ​တို့​ဆက်​ခံ​ကြ​စေ။-

8. တစ်​စုံ​တစ်​ယောက်​သည်​သား​ယောကျာ်း​မ​ကျန် ရစ်​ဘဲ သေ​ဆုံး​ခဲ့​သည်​ရှိ​သော်​သူ​၏​သ​မီး​သည် ထို​သူ​၏​အ​မွေ​ကို​ဆက်​ခံ​ရ​မည်​ဖြစ်​ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြား​ပြော လော့။-

9. အ​ကယ်​၍​ထို​သူ​၌​သ​မီး​လည်း​မ​ကျန်​ရစ် ခဲ့​လျှင် သူ​၏​ညီ​အစ်​ကို​တို့​သည်​သူ​၏​အ​မွေ ကို​ဆက်​ခံ​ရ​မည်။-

10. အ​ကယ်​၍​ထို​သူ​၌​ညီ​အစ်​ကို​များ​လည်း မ​ကျန်​ရစ်​လျှင်​သူ​၏​ဘ​ကြီး၊ ဘ​ထွေး​တို့ က​အ​မွေ​ကို​ဆက်​ခံ​ရ​မည်။-

တော​လည် 27