တော​လည် 26:9-20 Common Language Bible (BCL)

9. သူ​၏​သား​များ​ဖြစ်​သော​နေ​မွေ​လ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​ဖြစ်​ကြ​သည်။ (ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​က​ခေါင်း​ဆောင်​အ​ဖြစ်​ရွေး​ချယ်​ခြင်း​ခံ​ရ​၍ မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​အာ​ဏာ​ကို​ဖီ​ဆန် လျက် ကော​ရ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခဲ့​သူ​များ ဖြစ်​ကြ​၏။-

10. ထို့​ကြောင့်​သူ​တို့​သည်​ကော​ရ​၏​နောက်​လိုက် များ​နှင့်​အ​တူ​မြေ​မျို​ခံ​ရ​၏။ ထို​နေ့​၌ လောင်​မီး​ကျ​၍ လူ​ပေါင်း​နှစ်​ရာ့​ငါး​ဆယ် အ​သက်​ဆုံး​ခဲ့​ရ​သည်။ ထို​အ​ဖြစ်​အ​ပျက် က​လူ​အ​ပေါင်း​တို့​ကို​သ​တိ​တ​ရား​ရ​စေ​၏။-

11. သို့​ရာ​တွင်​ကော​ရ​၏​သား​များ​သည်​သေ ဘေး​မှ​လွတ်​ကြ​၏။)

12. ရှိ​မောင်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ယေ မွေ​လ​၏​သား​ချင်း​စု၊ ယာ​မိန်​၏​သား​ချင်း​စု၊ ယာ​ခိန်​၏​သား​ချင်း​စု၊-

13. ဇေ​ရ​၏​သား​ချင်း​စု​နှင့်​ရှော​လ​၏ သား​ချင်း စု​တို့​ဖြစ်​သည်။-

14. ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ​နှစ်​သောင်း နှစ်​ထောင့်​နှစ်​ရာ​ယောက်​ဖြစ်​သည်။

15. ဂဒ်​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ ဇေ​ဖုန်​၏ သား​ချင်း​စု၊ ဟ္ဂိ​၏​သား​ချင်း​စု၊ ရှု​နိ​၏​သား ချင်း​စု၊-

16. သြ​ဇ​နိ​၏​သား​ချင်း​စု၊ ဧ​ရိ​၏​သား​ချင်း​စု၊-

17. အာ​ရုဒ်​၏​သား​ချင်း​စု​နှင့်​အ​ရေ​လိ​တို့​၏ သား​ချင်း​စု​တို့​ဖြစ်​သည်။-

18. ဤ​သား​ချင်း​စု​တို့​၏​ဦး​ရေ​မှာ လေး​သောင်း ငါး​ရာ​ယောက်​ဖြစ်​သည်။

19. ယု​ဒ​အ​နွယ်​မှ​သား​ချင်း​စု​များ​မှာ (ယု​ဒ ၏​သား​နှစ်​ယောက်​ဖြစ်​သော​ဧ​ရ​နှင့်​သြ​နန် တို့​သည်​ခါ​နာန်​ပြည်​တွင်​သေ​ဆုံး​ခဲ့​ကြ​၏။-)

20. ရှေ​လ​၏​သား​ချင်း​စု၊ ဖာ​ရဇ်​၏​သား​ချင်း​စု၊ ဇေ​ရ​၏​သား​ချင်း​စု၊-

တော​လည် 26